နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရ

ချောင်းဦး၊  ဇွန် ၁၈


ဇွန် ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွာသစ်ကျေးရွာအနီးတွင် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦး မုံရွာမြို့ ဆေးရုံသို့ ထွက်ခွာလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မုံရွာမြို့အဝင်ဂိတ်အနီး၌ စောင့်ဆိုင်းနေစဉ် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော YGN 2J-1347 ADVan “မျိုးဆက်သစ်” ကျန်းမာရေးစောင့်ရှောက်မှုယာဉ်ကို စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသည့် မော်တော်ယာဉ်ကို ချောင်းဦး မြို့နယ်၊ ရွာသစ်ကျေးရွာနေ ထွန်းဝင်းဇော် (၄၃)နှစ် (ဘ) ဦးနီတွတ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အဆိုပါကျေးရွာနေ လွင်မောင် (၃၀)နှစ် (ဘ) ဦးအောင်သန်း လိုက်ပါလာသည်ကို တွေ့ရှိရပြီး ယင်း၏ ရင်ညွှန့်၊ ဝဲ/ယာလက်နှင့် ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် စစ်မေးခဲ့ရာ လွင်မောင်သည် ရွာသစ်ကျေးရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ တောင်ခြေတွင် အဖျက်အမှောင့် ဖောက်ခွဲ‌ ရေးလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်း ပြုလုပ်၍ စမ်းသပ်ဖောက်ခွဲရာမှ လက်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သဖြင့် ယင်းအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ