နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သူများက စိန်ရွှေကုန်းကျေးရွာ စာသင်ကျောင်းအတွင်းရှိ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဖတ်စာအုပ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊  ဇွန် ၁၈


ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ် သင်ကြားစေလျက်ရှိရာ အကြမ်းဖက်မှု ကို လိုလားပြီး အဖျက်အမှောင့်လုပ်ရပ် များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် နေသည့် NLD ပါတီနှင့် တိုက်ရိုက် ပတ်သက်ဆက်နွှယ်နေသည့် အကြမ်း ဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ အေးချမ်းစွာပညာသင်ကြားနေ မှုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီး ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ  ရေးသားခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက် ရှိသည်။


ယင်းသို့ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီ ခွဲခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဘွက်ကြီးကျေးရွာအုပ်စု၊ စိန်ရွှေကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းအတွင်းရှိ စတုတ္တ တန်း စာသင်ခန်းအတွင်းသို့ အကြမ်း ဖက်သူများက ဝင်ရောက်၍ ကျောင်း သုံး ပုံနှိပ်စာအုပ်များနှင့် ဖတ်စာအုပ် မျိုးစုံ ၅၆ အုပ်၊ ဗလာစာအုပ် ၃ ဒါဇင်၊ ပရိဘောဂပစ္စည်း မျိုးစုံတို့ကို မီးရှို့ ထွက်ပြေးသွားခဲ့သည်။


မီးလောင်မှုဖြစ်စဉ်ကြောင့် အဆိုပါ စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် စာသင် ကြားမှုမပျက် ဆက်လက်သင်ကြား လျက်ရှိကြောင်း သိရှိရသည်။    

ဆွေဦး






အခြားဆက်စပ်သတင်းများ