နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပဆန်တင်ပို့သူ Exporter များနှင့် နယ်ဒေသစက်ပိုင်များအကြား ကြိုတင်ပေးငွေကြို ပွိုင့်စနစ်များကြောင့် စက်ပိုင်များပိုမိုအဆင်ပြေလာ

ရန်ကုန်  ဇွန်  ၁၈


ဆန်စပါးကဏ္ဍတွင် ကာလတိုချေးငွေ၊ ကြိုတင် ပေးငွေများရှိလာသည့်အတွက် ယခုအခါတွင် ပြည်ပဆန်တင်ပို့သူများနှင့် နယ်ဒေသရှိ ဆန် စက်ပိုင်ရှင်များ အကြားတွင် ငွေကြိုတင်ပေး ကြိုပွိုင့်စနစ်ဖြင့် တန်းမြင့်ဆန်ဝယ်ယူမှုပုံစံများ  ပြောင်းလဲလာကြောင်း ယင်းအပေါ်တွင် စက်ပိုင် များအနေဖြင့်လည်း လုပ်ငန်းလည်ပတ်မှု ပိုမို အဆင်ပြေကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း ရှင်များအသင်းထံက သိရသည်။


"နိုင်ငံတော်က ပံ့ပိုးတဲ့ငွေတွေကို ရလာတဲ့အခါ  မှာ နယ်ကကုန်သည်တွေကို တိုက်ရိုက်ဈေးနှုန်း အဖွင့်ပေးပြီးတော့ အမြင့်ဆုံးပေါ့နော် သူတို့ရတဲ့  အကျိုးအမြတ်တစ်ခုကို ချန်ပြီး ဝယ်လိုက်တော့ နယ်ကကုန်သည်တွေပါ အကုန်လုပ်နိုင်သွားတာ ပေါ့။ အခုဒီနေ့ဆို Export အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကိုသွားတဲ့ ဆန်တွေအားလုံးက နယ်ကနေ  RC  သွားတာများတယ်။ ရန်ကုန်စက်မှုဇုန်တွေမှာ လည်း RC လုပ်တာလည်းရှိတယ်။ နယ်စက်ပိုင် အတော်များများနဲ့ Exporter လုပ်ငန်းရှင်ကြီး တွေနဲ့ အရောင်းအဝယ်က နှစ်စဉ် နှစ်တိုင်းဖြစ်ကြ ပါတယ်။ ရာသီချိန်မှာ စိုက်ပျိုးတဲ့အသီးအနှံတွေ မပေါ်ခင်မှာ ကြိုပြီးတော့ချေးငွေသဘော ငွေပေး ချေတယ်။ အရောင်းအဝယ် ကတိကဝတ်တွေ ပြုတယ်။ ဒီလိုနဲ့ နယ်ကစက်ပိုင်တွေကို အခွင့် အရေးတွေရအောင် ကြိုတင်ပြီးတော့ စပါးပေါ်ချိန် မှာရရှိလာမဲ့ ဆန်အရေအတွက်ရဲ့  ရာခိုင်နှုန်း  ၅၀၊ ၆၀ ကို ကြိုပေးပြီး ငွေထုတ်ချေးတယ်။ ပြီးတော့ စာချုပ်တွေချုပ်ပြီး ဝယ်ကြတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


နယ်ဒေသများတွင်ရှိသော စက်ပိုင်များကို ဆန်စက်အရင်းအနှီးအပြင် စပါးနှင့်ဆန်များ ဝယ်ယူရန် အရင်းအနှီးငွေများ ကြိုတင်ရရှိသည့် အတွက်လုပ်ငန်းလည်ပတ်မှု ပိုမိုအဆင်ပြေ ကြောင်း သိရသည်။  ယခုအခါတွင် နယ်ဒေသများ ရှိ ဆန်စက်ပိုင်ရှင်များနှင့် စက်ပိုင်လုပ်ငန်းရှင် အတော်များများသည် နောက်ဆုံးပေါ် ဆန်စက် အမျိုးမျိုးကိုဝယ်ယူကာ ဆောင်ရွက်လျက်ရှိ ကြောင်း အချို့သော ဆန်စက်လုပ်ငန်းများသည် လည်းလက်ငင်း (သို့မဟုတ်) အရစ်ကျစနစ်ဖြင့် ဝယ်ယူကာ ဆောင်ရွက်သည့် လုပ်ငန်းရှင်များ လည်းရှိကြောင်း သိရသည်။


အချို့သော စက်ပိုင်လုပ်ငန်းရှင်များသည် နောက်ဆုံးပေါ် စက်ပစ္စည်းများ ဝယ်ယူရသည့်  အတွက် စပါးနှင့် ဆန်များဝယ်ယူရန် အရင်းအနှီး အင်အားနည်းသွားသည်။ ယင်းအပေါ်  Exporter လုပ်ငန်းရှင်ကြီးများနှင့် ပြန်လည်ချိတ်ဆက်ပြီး  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


Exporter လုပ်ငန်းရှင်ကြီးများအနေဖြင့်    တစ်ဖက်တွငနိုင်ငံတကာကို ကြိုတင်ရောင်းချ  ထားလိုက်သည့်အတွက် ရရှိလာသောကြိုတင်ငွေ များကို တောင်သူများထံတွင် ကြိုတင်ငွေ ပြန်ချကာ လက်ငင်းဝယ်ယူနိုင်ရန် စီစဉ်သည့် အတွက် တန်းမြင့်ဆန်များရရှိမည့် စက်ပိုင်ရှင် များသည် သင်္ဘောတင်ချိန်တွင် အရည်အသွေးမြင့် ဆန်များကြိတ်ကာ Exporter လုပ်ငန်းရှင်ကြီး များကို ပံ့ပိုးပေးသည်။ Exporter များသည် စက်ပိုင်များကို ငွေကြေးနှင့် ဈေးနှုန်းအာမခံချက် ပေးသည့်အတွက် နယ်ဒေသများတွင် အရည် အသွေးမြင့် တန်းမြင့်ဆန်များ ကြိတ်ခွဲရရှိလာ သည့် အခြေအနေကောင်းများ ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များထံက သိရ သည်။

မင်းခ






အခြားဆက်စပ်သတင်းများ