နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုဝန်ကြီးဦးကိုကို ရွှေတိဂုံစေတီတော်မြတ်ကြီးဖူးမြော်ကြည်ညို ဂေါပကအဖွဲ့နှင့်တွေ့ဆုံ

ရန်ကုန်  ဇွန်  ၁၈


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ဇွန် ၁၇ ရက်၊ နေ့လယ် ၂  နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့  ရောက်ရှိ ဖူးမြော်ကြည်ညိုပြီး ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့နှင့်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။


ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် အလှည့်ကျသဘာပတိများက စေတီ တော်မြတ်ကြီး၏ ဘက်စုံပြုပြင် မွမ်းမံ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ 


ထို့နောက် သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၏ တင်ပြချက် အပေါ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။          

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ