နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Bagheadဇာတ်ကားသစ်တွင် မင်းသမီးဖရီယာအယ်လန် ပါဝင်သရုပ်ဆောင်မည်

ဇွန်      ၁၈


Studiocanalနှင့် The Picture ရုပ်ရှင် ကုမ္ပဏီတို့က ရိုက်ကူးထုတ်လုပ်မည့် Baghead အမည်ရှိထိတ်လန့်သည်းဖို ဇာတ်ကားသစ်တွင် မင်းသမီးဖရီယာ အယ်လန် ပါဝင်သရုပ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။


အဆိုပါ ဇာတ်ကားတွင် မင်းသမီး ဖရီယာအယ်လန်သည် ယင်း၏မိသားစု နှင့် အဆက်အဆံရှိခဲ့ဖူးသော မကောင်း ဆိုးဝါးတစ်စုနှင့် ရင်ဆိုင်ရမည့်သူအဖြစ် အဓိကဇာတ်ကောင်နေရာ၌ ပါဝင် သရုပ်ဆောင် မည်ဖြစ်သည်။


Baghead ဇာတ်ကားသည် သေဆုံး သူများကိုဆင့်ခေါ်၍ လူ့ဘဝသို့ တစ်ခဏ တာ ပြန်ခေါ်ပေးနိုင်သော Baghead အမည်ရှိလူတစ်ဦး၏အကြောင်းကို ပုံဖော်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းကို ခရစ္စတီးနားပါမီးနှင့် ဘရိုက်မက်ဂွီးတို့က ရေးသားပေးမည် ဖြစ်ပြီး ဒါရိုက်တာအယ်ဘာတိုကော်ရီဒေါကတာဝန်ယူရိုက်ကူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။            

(သူရိန်)






အခြားဆက်စပ်သတင်းများ