နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၅ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အထူးရုပ်ရှင်ဇာတ်ကားထွက်ရှိမည့် BLACKPINK

 ဇွန်     ၁၈


YG Entertainment က BLACKPINK အဖွဲ့၏ ၅ နှစ်ပြည့်အထိမ်း အမှတ်နှင့်ပတ်သက်ပြီး ထူးခြားသည့် အစီအစဉ်တစ်ခုကို ဇွန် ၁၆ ရက်က ကြေညာခဲ့သည်။ BLACKPINK အဖွဲ့၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည့် ‘BLACKPINK: The Movie’ ကို ကမ္ဘာ တစ်ဝန်းတွင် ရုံတင်ပြသသွားမည်ဖြစ် သည်။ အဆိုပါ ရုပ်ရှင်ကားကိုကိုရီးယားနိုင်ငံအတွင်းရှိ CGV ရုပ်ရှင်ရုံများနှင့် နိုင်ငံပေါင်း ၁၀၀ ကျော်က ရုပ်ရှင်ရုံများ တွင် ရုံတင်ပြသနိုင်ရန်စီစဉ်နေကြောင်း၊    ပြသမည့်အချိန်ကို BLACKPINK အဖွဲ့ စတင်ပွဲဦးထွက်ခဲ့သည့် သြဂုတ်လထဲ တွင် ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။


ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံ အချို့ရှိ ရုပ်ရှင်ရုံများပိတ်ထားဆဲဖြစ် သောကြောင့် မည်သည့်နိုင်ငံတွင် ရုံတင်ပြသသွားမည်ကို မသိရသေးပေ။ အဆိုပါ ပရောဂျက်သည် YG Entertai- nment မှ ပြုလုပ်ခဲ့သည့်အကြီးကျယ် အခမ်းနားဆုံး  အစီအစဉ်များထဲက တစ်ခုဖြစ်လာမည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို BLACKPINK ၏ အအောင်မြင်ဆုံး ကမ္ဘာ လှည့်ဖျော်ဖြေမှုတစ်ခုဖြစ်ခဲ့သည့် ‘In Your Area’ tour နှင့်၂၀၂၁ ခု နှစ်ထဲတွင် ပြုလုပ်ခဲ့သည့် ‘The Show’ က သီချင်း ၅ ပုဒ်ကိုပြန်လည်ပြင်ဆင်ပြီးပြသ သွားမည်ဟုလည်း သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကိုအချို့ ရုပ်ရှင်ရုံ များတွင် 4D အနေဖြင့်ပါ ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။    

(WP)






အခြားဆက်စပ်သတင်းများ