နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Searchlight ၏ Nightmare Alley ဇာတ်ကားရိုက်ကူးရေးလုပ်ငန်းများပြီးစီး

 ဇွန်     ၁၈


ဒါရိုက်တာဂွီလာမိုဒယ်တိုရို၏ Nightmare Alley စိတ္တဇ လျှို့ဝှက်သည်းဖိုဇာတ်ကားသစ် ရိုက်ကူးရေးလုပ်ငန်းများပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


စာရေးဆရာဝီလျံလင်ဆေးဂရက်ဟမ်၏ ဝတ္ထုကိုဇာတ်အိမ် တည်ရိုက်ကူးထားသော Nightmare Alley ဇာတ်ကားတွင် ဘရက်ဒလေကူးပါး၊ ကိတ်ဘလန်းချက်နှင့် တိုနီကော်လက်တီစသည့် ကမ္ဘာကျော်မင်းသား၊ မင်းသမီးများကပါဝင်သရုပ်ဆောင်ထားကြသည်။


ဒါရိုက်တာဂွီလာမိုဒယ်တိုရိုသည် Nightmare Alley ဇာတ်ကားကို COVID-19 ရောဂါကြောင့် ရိုက်ကူးရေးလုပ်ငန်းများကို ယာယီ  ရပ်ဆိုင်းခဲ့ရသော်လည်း ပြီးခဲ့သည့်လများအတွင်း ဇာတ်ကားရိုက်ကူးရေးလုပ်ငန်းများကိုပြန်လည်စတင်ခဲ့ပြီးယခုအခါတွင် ရိုက်ကူးရေး လုပ်ငန်းများအားလုံးပြီးစီးခဲ့ခြင်းဖြစ်သည်။


ရိုက်ကူးရေးလုပ်ငန်းများပြီးဆုံးခဲ့ပြီဖြစ်သော်လည်း အဆိုပါ ဇာတ်ကားရုံတင်ပြသမည့်ရက်ကို Searchlight ရုပ်ရှင်ကုမ္ပဏီက ကြေညာခြင်းမရှိသေးကြောင်း သိရသည်။            

(သူရိန်)






အခြားဆက်စပ်သတင်းများ