နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတင်းစာရှင်းလင်းပွဲအတွင်း သူ့ရှေ့က ဘီယာပုလင်းကို ဖယ်ရှားခဲ့တဲ့ မူဆလင်ဘာသာဝင် ပေါ့ဂ်ဘာ

ဇွန် ၁၈


ဒေးလီးမေးလ်က ပြင်သစ်လက်ရွေး စင် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ဟာ ယူရိုပြိုင်ပွဲရဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြိုင်ပွဲကို စပွန်ဆာပေးထားတဲ့ ဟန်နီကန်ဘီယာပုလင်းကို သူ့ရဲ့ရှေ့ ကနေ ဖယ်ထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါ တယ်။ 


ပေါ့ဂ်ဘာဟာ မူဆလင်ဘာသာကို ကိုးကွယ်ပြီး ဘာသာရေးကိုင်းရှိုင်းသူဖြစ်တဲ့အတွက် သူ့ရဲ့မျက်လုံးရှေ့ကနေ ဘီယာပုလင်းတွေကို ရွှေ့ခဲ့တာဖြစ်ပါ တယ်။ ပေါ့ဘာဟာ ပြင်သစ်အသင်းက ဂျာမနီအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့ တာ ဖြစ်ပါတယ်။

မူဆလင်တွေဟာ အရက်သောက် သုံးမှုကို တားမြစ်ပိတ်ပင်ထားတာနဲ့ ပေါ့ဂ်ဘာ ဟန်နီကန်ဘီယာပုလင်းတွေ ကို ဖယ်ရှားလိုက်ခြင်းဟာ ဒီပြိုင်ပွဲကို စပွန်ဆာပေးထားတဲ့သူကို ထောက်ခံလို စိတ်မရှိတာကြောင့်လည်း ဖြစ်နိုင် တယ်လို့ သတင်းမှာဆိုပါတယ်။ ပေါ့ဘာ မတိုင်ခင် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဟန်ဂေရီနဲ့ပွဲမတိုင်ခင် ပြုလုပ်တဲ့   သတင်းစာရှင်းလင်းပွဲ မှာ သူ့ရဲ့အရှေ့မှာရှိနေတဲ့ စပွန်ဆာ ကိုကာကိုလာဘူးတွေကို ဖယ်ရှားပစ် ခဲ့ပြီး  ကိုကာကိုလာ တွေ  သောက်သုံးမယ့် အစား ရေပဲသောက်ကြပါလို့ ပြောသွား ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ၂၀၁၉ မှာ မူဆလင်ဘာသာကို ကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ 


ပေါ့ဂ်ဘာဟာ  ဂျာမနီအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ အကောင်းဆုံး ကစားသမားဆုကိုရယူ နိုင်ခဲ့တာ လည်းဖြစ်ပါတယ်။  ပြင်သစ် အသင်းဟာ ယူရိုပြိုင်ပွဲအုပ်စုဒုတိယ ပွဲစဉ်အဖြစ်  အခုလ (၁၉)  ရက်မှာ ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ် ပါတယ်။ ပြင်သစ်အသင်းဟာ အုပ်စု အဖွင့်ပွဲမှာ အနိုင်ရထားတာ ကြောင့် ဟန်ဂေရီနဲ့ပွဲမှာ  ရလဒ်ကောင်းရယူ နိုင်မယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့  အခြေအနေကောင်းကို  ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။                                  

(SO)






အခြားဆက်စပ်သတင်းများ