နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမျိုးရေးအရ စော်ကားခဲ့တဲ့ ဩစတြီးယားတိုက်စစ်မှူး အနာတိုဗစ်ကို အရေးယူပေးဖို့ ယူအီးအက်ဖ်အေထံ မြောက်မက်ဆီဒိုးနီးယား တောင်းဆို

ဇွန် ၁၇

ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂိုးသွင်း ယူခဲ့ပြီးနောက် အမျိုးသားရေး အရစော်ကားတဲ့ စကားလုံးတွေသုံးနှုန်းခဲ့တဲ့  ဩစတြီးယား တိုက်စစ် မှူး  အနာတိုဗစ်ကို အရေးယူပေးဖို့ မြောက်မက်ဆီဒိုးနီးယားဘောလုံး အဖွဲ့ချုပ်က ယူအီးအက်ဖ်အေကို တောင်းဆိုလိုက်ပါတယ်။ စော်ကား တဲ့ စကားလုံးတွေဟာ မက်ဆီဒိုးနီးယားအသင်းရဲ့ အယ်လီယိုကီ ကို ဦးတည်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အနာတိုဗစ်ရဲ့ ဖခင်ဟာ ဆားဘီးယားနိုင်ငံသားဖြစ်ပြီး မိခင်တော့ ဩစတြေးလျနိုင်ငံသား ဖြစ်ပါတယ်။

“ကျွန်တော်တို့တွေက လူမျိုးရေးအရ စော်ကားမှုတွေ၊ လူမျိုးရေး ခွဲခြားမှုတွေကို အမြဲတမ်းဆန့်ကျင်နေပြီး ခွဲခြားခံရသူတွေနဲ့ တစ်သား တည်းရပ်တည်ပေးနေတာပါ။ မက်ဆီဒီုနီးယား နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ကစားပေးနေတဲ့ သူတွေအားလုံးကို ကျွန်တော်တို့ကကာကွယ်ပေးသွားမှာပါ”လို့ အဖွဲ့ ချုပ်ကထုတ်ပြန်ထားပါတယ်။ ဒါဟာ စည်းကမ်းချိုးဖောက်တာဖြစ်ပြီး စုံစမ်းမှုတွေလုပ်ဆောင်နေပါပြီလို့ ယူအီးအက်ဖ်အေက အင်္ဂါနေ့မှာ ပြောကြားထားပါတယ်။

ဒီလိုမျိုးလူမျိုးရေးအရ စော်ကားခဲ့ရင်ချမှတ်တဲ့ ယူအီးအက်ဖ်အေ ရဲ့ ပြစ်ဒဏ်ကတော့အနည်းဆုံး  ၁၀  ပွဲပယ်  ပြစ်ဒဏ်ပဲဖြစ်ပါ တယ်။  တနင်္ဂနွေနေ့က မြောက်မက်ဆီဒိုးနီးယားကို ၃-၁ ဂိုးဖြင့် ဩစတြီးယားက အနိုင်ရရှိခဲ့ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်မှာတော့ဖြစ်ပျက်ခဲ့တာတွေကို တောင်းပန်ကြောင်း ရေးသားထားပါတယ်။ “အားလုံးကို ရှင်းရှင်းလင်းလင်း  ပြောချင်ပါတယ်။ ကျွန်တော် လူမျိုးရေးခွဲခြားတာမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ကျွန်တော့်ရဲ့ မိတ်ဆွေတွေရှိပါတယ်။ ကျွန်တော်ဟာ မတူကွဲပြားမှုအတွက် ရပ်တည်နေတာဖြစ်ပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါ တယ်။                                                                               (SO)






အခြားဆက်စပ်သတင်းများ