နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှူစက်များ ဝယ်ယူရာတွင် အကျင့်ပျက်ခြစားခဲ့ဖွယ်ရှိ၍ ဘိုလစ်ဗီးယားကျန်းမာရေးဝန်ကြီးကို ဖမ်းဆီး

မေ ၂၁၊ ဆူခရီ


ဘိုလစ်ဗီးယားကျန်းမာရေးဝန်ကြီး နာဗာဂျာမှာ အသက်ရှူစက် ၁၇၀ ကို ပိုများသည့်ဈေးနှုန်းဖြင့် ဝယ်ယူခဲ့သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ပြစ်မှုနှိမ်နင်းရေးဆိုင်ရာ ဘိုလစ်ဗီးယားအထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး ရိုဂျာက ကြေညာခဲ့သည်။ 


ဘိုလစ်ဗီးယားနိုင်ငံမှာ စပိန်ကုမ္ပဏီတစ်ခုထံမှ အသက်ရှူစက် ၁၇၀ ဝယ်ယူရန်အတွက် Inter-American Development Bank ထံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ သန်း အသုံးပြုခဲ့သည်ဟု ဘိုလစ်ဗီးယားယာယီသမ္မတ အေနက်ဇ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ကျန်းမာရေးဝန်ကြီး နာဗာဂျာနှင့် အခြားသူများကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့သော်လည်း အစိုးရရှေ့နေက စွဲချက်တင်ခြင်းမရှိသေးကြောင်း ရိုဂျာက ပြောသည်။ 


နာဗာဂျာမှာ ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ နာဗာဂျာကို ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် သမ္မတ အေနက်ဇ်က '' ကျွန်တော်တို့ ဆက်ပြီးစုံစမ်းသွားမယ်။ ဘယ်သူ ရာထူးပြုတ်သွားလဲဆိုတာ ကိစ္စမရှိဘူး''ဟု သမ္မတ အေနက်ဇ်က ဆိုသည်။ 


အသက်ရှူစက်များ ဝယ်ယူမှုတွင် မမှန်ကန်သည့် အနေအထားများ တွေ့တွေ့ချင်း စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့ခြင်း   ဖြစ်ကြောင်း Inter-American Development Bank ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ