နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ရေမြောင်းအတွင်း ပိတ်ဆို့အမှိုက်များ ခရိုင်အလိုက် ရှင်းလင်း

ရန်ကုန်  ဇွန်  ၁၇

ရန်ကုန်မြို့တော် စိမ်းလန်းသာယာ သန့်ရှင်းလှပရေး လုပ်ငန်းကော်မတီ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်စည်ပင် နယ်နိမိတ် ခရိုင်လေးခုတွင် မိုးရွာသွန်း ချိန်၌ ရေစီးနှင့်အတူ မျောပါလာသော စွန့်ပစ်အမှိုက်မျိုးစုံနှင့် လမ်းမကြီးများ ပေါ်တွင် တင်ကျန်ခဲ့သော နုန်းသဲများ ရှင်းလင်းဆောင်ရွက်ခြင်းကို ဇွန် ၁၇ ရက် ၊ နံနက် ၄ နာရီမှ ၁၀ နာရီအထိ သန့်ရှင်းရေးဝန်ထမ်းများ၊ စက်ယန္တရား များနှင့်အတူ ဆောင်ရွက်ကြသည်။

အဆိုပါ လုပ်ငန်းများခွဲ၍ ဆောင် ရွက်ရာတွင် ရန်ကုန်ပြည်လမ်း၊အင်းစိန် လမ်း၊ ဗဟိုလမ်းတို့ရှိ မြေနိမ့်ပိုင်းနေရာ များတွင် မိုးရွာသွန်းချိန်၌ ရေကြီးရေလျှံ မှု မဖြစ်စေရေးနှင့် လျော့ပါးသက်သာ စေရေးအတွက် အင်းစိန်ဘီအိုစီမှတ် တိုင်မှ အောင်သိဒ္ဓိလမ်းဆုံအထိ ပြည် လမ်း စော်ဘွားကြီးကုန်းလမ်းဆုံမှ သီရိရတနာလမ်းအထိ၊ ဗဟိုလမ်း အင်းစိန်ဘူတာရုံလမ်းထိပ်မှ ရွှေဝါလမ်း မှတ်တိုင်အထိ၊ လမ်းရေဆေးစက် City Master (Hako) စက်ကို အသုံးပြု၍ လမ်းပေါ်ရှိ နုန်းသဲများကို ရေဆေးရှင်း လင်း ဆောင်ရွက်ကြသည်။

ထို့နောက် မြေနိမ့်ပိုင်းရပ်ကွက် လမ်းသွယ်များနှင့် လမ်းဆုံများ၌ ရေ မြောင်းအတွင်း မျောပါလာသောစွန့်ပစ် အမှိုက်မျိုးစုံကို စက်ယန္တရားများဖြင့် ဆယ်ထုတ်ရှင်းလင်းခြင်း၊ အမှိုက်သိမ်း ယာဉ်များဖြင့် သတ်မှတ်အမှိုက်ပုံများ သို့ ပြန်လည်စွန့်ပစ်ခြင်းလုပ်ငန်းများ ကို လူ စက်ယန္တရားများဖြင့် ဆောင် ရွက်ကြသည်။ အလားတူ မြို့နယ် ခရိုင် အသီးသီးတွင်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

"ဒီနေ့ ကျွန်တော်တို့ ဆောင်ရွက်တဲ့ နေရာတွေဟာ မိုးရွာသွန်းချိန်၌ ရေကြီး ရေလျှံဖြစ်ပေါ်တတ်တဲ့ မြေနိမ့်ပိုင်း နေရာတွေဖြစ်တယ်၊ ဒီနေရာတွေနဲ့ တစ်ဆက်တည်း မြစ်ထွက်ပေါက် ရေမြောင်းတွေမှာ စွန့်ပစ်အမှိုက်မျိုးစုံ  မျောပါလာတာကြောင့် ရေမြောင်းများ ပိတ်ဆို့ပြီး လမ်းမကြီးများပေါ်နဲ့ မြေနိမ့် ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင် ဆောင်ရွက်ခြင်းဖြစ်တယ်၊ ယခုလို မိုးရာသီမှာ မြို့တော်အတွင်း နေ့စဉ် စွန့်ပစ်အမှိုက်တန်ချိန် ၂၆၀၀ ကျော် ပုံမှန်သိမ်းဆည်းလျက်ရှိသည့်အပြင် ရေမြောင်းများအတွင်းမှ မျောပါလာ သော စွန့်ပစ်အမှိုက်မျိုးစုံကိုလည်း ထပ်မံ သိမ်းဆည်းလျက်ရှိတယ်၊ ဒါကြောင့် မြို့ပြနေထိုင်သူ ပြည်သူများ အနေဖြင့် သတ်မှတ်အမှိုက်စွန့်ပစ် နေရာများတွင် အမှိုက်များကို စနစ် တကျဖြင့် ပါဝင်ပူးပေါင်းစွန့်ပစ်ကြရန် တိုက်တွန်းမေတ္တာရပ်ခံပါသည်"ဟု မြောက်ပိုင်းခရိုင် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ခရိုင်မှူး ဦးသန်းထိုက်အောင်က ပြော သည်။    သတင်း၊ ဓာတ်ပုံ-စောလှိုင်ဝင်း
(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ