နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါအတည်ပြုလူနာ ၃၅၅ ဦး တွေ့ရှိ

ရန်ကုန်  ဇွန်  ၁၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဇွန် ၁၅ ရက် ည ၈ နာရီမှ ဇွန် ၁၆ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၅၅၆ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ အတည်ပြုလူနာ သစ် ၃၅၅ ဦး တွေ့ရှိခဲ့ကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဇွန် ၁၆ ရက် ည ၈ နာရီက ထုတ် ပြန်ကြေညာခဲ့သည်။ သို့ဖြစ်ပါ၍ ဇွန် ၁၆ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၆၅၇,၈၀၈ ခု စစ်နေခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆,၄၀၆ ဦး ရှိပြီဖြစ်သည်။

ထို့ပြင် ဇွန် ၁၆ ရက်က ဆေးရုံဆင်း ခွင့်ရရှိသူ ၁၁၂ ဦး ရှိပါသောကြောင့် ဇွန် ၁၆ ရက်အထိ    စုစုပေါင်း ၁၃၃,၂၁၆ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိ ခဲ့ပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံ သေဆုံးသူ နှစ်ဦးရှိပြီး ဇွန် ၁၆ ရက်အထိ သေဆုံးသူစုစုပေါင်း ၃၂၅၀ ဦး ရှိပြီဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ် နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားရောက်ရာ တွင် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင် ကြရန်နှင့် လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် အထူးဂရုပြု ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက်ဆောင်ရွက် ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများကို လူတိုင်း၊ မိသားစုတိုင်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။  
(KKT)






အခြားဆက်စပ်သတင်းများ