နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းလျားကန်ရေပြင်တစ်ခုလုံး အကြားအလပ်မရှိ ရေအပြည့်ဝင်ရောက်နိုင်ရေးနှင့် ရေရှည်တည်တံ့ရေးလုပ်ငန်းများ မြို့တော်စည်ပင်က စနစ်တကျဆောင်ရွက်လျက်ရှိ

ရန်ကုန်  ဇွန်  ၁၇

ရန်ကုန်မြို့ရှိ အင်းလျားကန်သည် သဘာဝကပေးသော သမိုင်းဝင်ရေကန် ကြီးဖြစ်ကာ မြို့တော်သူ မြို့တော်သား များ၏ အပန်းဖြေရာ နေရာတစ်ခု ဖြစ်ရုံသာမက မြို့ပြဂေဟစနစ်ကို ထိန်းကြောင်းပေးနိုင်သော ရေကန်ကြီး လည်း ဖြစ်ခြင်းကြောင့် ရေရှည်တည်တံ့ ရေးအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက လုပ်ငန်းဆပ် ကော်မတီများဖွဲ့၍ ဆက်လက်ထိန်း သိမ်းဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ရန်ကုန်မြို့တော် စိမ်းလန်း သာယာသန့်ရှင်းလှပရေး လုပ်ငန်း ကော်မတီ အစည်းအဝေးမှ သိရသည်။

အလောင်းမင်းတရားကြီး ဦးအောင် ဇေယျက ခရစ် ၁၇၅၅ ခု မေ ၂ ရက်တွင် ဒဂုံမှ ရန်ကုန်ဟု အမည်မပြောင်းလဲမီ ကပင် အင်းလျားရေကန်သည် ရှိခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က အရှေ့ဘက် ငမိုးရိပ်ချောင်းနှင့် အနောက်ဘက် လှိုင်မြစ်တို့နှစ်ခုကြား တောအုပ်ကြီး ထဲ၌ ရှိသော အင်းကြီးကို အင်းလျား ရှည်ဟုပင် အများက ခေါ်ဆိုခဲ့ကြသည်။

ခရစ်နှစ် ၁၈၅၄ ခုမှာ ပထမဆုံး အဝေးပြေးလမ်းမကြီး ရန်ကုန်-ပြည် လမ်း စတင်ဖောက်လုပ်စဉ် လှိုင်မြစ် အတွင်း စီးဆင်းနေသည့် အင်းလျား ရှည်ကြီးကို တာပေါင်ဖို့ခြင်းကြောင့် ပြည်လမ်းအင်းလျားလေးနှင့် အင်းလျား ကန်ပေါင်တို့ အမည်တွင်ခဲ့သည်။ ထို့နောက် ကမ္ဘာအေးစေတီလမ်းကို ထပ်မံတိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် ကမ္ဘာ အေး စေတီလမ်း ကန်ပေါင်တို့ သမိုင်း အရ ဖြစ်တည်ခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး စာပေ၊ ဂီတနှင့် အနုပညာရှင်များက အင်းလျားကန်အနီးက ရန်ကုန် တက္ကသိုလ်ကို "မြကျွန်းညိုညို တက္ကသိုလ်" ဟူ၍ တင်စားဂုဏ်ပြု တေးသီချင်းများဖြင့် ပါဝင်ပူးပေါင်းခဲ့ သည့် သမိုင်းများလည်း ရှိခဲ့သည်။

ယခုကာလသည် ရန်ကုန်မြို့၏ မြို့တည်သက် ၂၆၆ နှစ်ရောက်ရှိနေချိန်တွင် သဘာဝကပေးသော သမိုင်းဝင် အင်းလျားရေကန်ကြီးသည်စိမ်းလန်း ထူထပ်သော တောအုပ်များကင်းမဲ့ပြီးခေတ်မီ မြို့ပြ အထပ်မြင့်ကွန်ကရစ်တော အလယ်၌ လှပတင့်တယ်လျက်ရှိသည်။ သမိုင်းအမွေများ မတိမ်ကော မဆုံးရှုံးစေရန်နှင့် ရေရှည်တည်တံ့ စေရန် စတုရန်းဧက ၆၉၀ အတွင်း ကန်ရေပြင် တစ်ခုလုံး ရေအပြည့်ဝင်ရောက်ရေး၊ မြို့ပြ၏ သစ်တောဂေဟစနစ် ထိန်းသိမ်းနိုင်ရေး၊ ကာကွယ် ရန်လိုအပ်သော သစ်တောများကို စနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ မြို့ပြရပ်ကွက်များမှ စီးဆင်း သော ရေဆိုးများမဝင်ရောက်ရန် တည်ဆောက် ထားသော သဲစစ်ကန်၊ အမှိုက်ဆန်ခါများ စနစ်တကျရှိစေရန် ပြုပြင်ထိန်းသိမ်းခြင်း၊ ကန် အတွင်း နုန်း၊ သဲ၊ ရေညှိ၊ ဗေဒါ စသည်တို့ကို တူးဖော်ဖယ်ရှားခြင်း လုပ်ငန်းများကို ကြိုးပမ်း လျက်ရှိသည်။

သားငှက် တိရစ္ဆာန်များ ကျက်စားနိုင်ရေး နှင့် မြို့တော်နေပြည်သူများ ပါဝင်ပူးပေါင်းလာ ချင်စိတ် ဖြစ်ပေါ်လာအောင် ဟန်ရေးပြမဖြစ်စေဘဲ ပေါ်လွင်ထင်ရှားစွာ ဆောင်ရွက်ကြရန် ညွှန်ကြား ချက်နှင့်အညီ ဆပ်ကော်မတီက အကောင်အထည် ဖော် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

"ယခုလို ထင်သာမြင်သာရှိအောင် ရန်ကုန် တက္ကသိုလ်နဲ့ ထိစပ်နေတဲ့ အင်းလျားကန်ကို စနစ်တကျ ထိန်းသိမ်းနေတာကို မြင်ရတော့ ကြိုဆိုပါတယ်၊ ရန်ကုန်တက္ကသိုလ်မှာ နှစ်ရှည်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ လည်း ဝမ်းသာဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် ပွဲတော်ကြီးမှာ "မြကျွန်းညိုညိုတက္ကသိုလ်" တေးသီချင်းအပါအဝင် "ချစ်ရက်ရှည်ရှည် အင်းလျားမြေ" တေးသီချင်းများကို စာပေဂီတ ရုပ်ရှင်အနုပညာရှင်တွေက မြို့တော်နေပြည်သူ တွေ ပါဝင်ပူးပေါင်းလာအောင် ရုပ်မြင်သံကြား ကနေ ပြန်လည်ဖော်ထုတ်တာကို မြင်မိပါတယ်" ဟု ရန်ကုန်တက္ကသိုလ်မော်ကွန်းထိန်း (ငြိမ်း) ဦးသန်းကြိုင်က သူ့ရဲ့ခံစားမှုကို ပြောကြား    သည်။       
သတင်း၊ ဓာတ်ပုံ(စောသိန်းဝင်း)






အခြားဆက်စပ်သတင်းများ