နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး နေအိမ် ၇ လုံး မီးလောင်

စစ်ကိုင်း၊  ဇွန် ၁၆

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာတွင် ဇွန် ၁၅ ရက် နံနက် ၄ နာရီမိနစ် ၃၀ ခန့်က လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ စစ်ကိုင်းဒေသကြီး၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်ဦးစီး မြို့နယ်မီးသတ် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ရာ နံနက် ၅ နာရီတွင်မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနေအိမ် ၇ လုံး၊ နွားစာတဲ ၅ လုံး ပျက်ဆီးခဲ့ပြီး တန်းဖိုးငွေကျပ် သိန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်၊ နယ်မြေ ရဲစခန်းက စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ