နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီပဲယင်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူတစ်ဦး ဖမ်းဆီးရမိ

ဒီပဲယင်း၊  ဇွန် ၁၆

ဇွန် ၁၄ ရက်၊ မွန်းလွဲ ၃ နာရီခန့် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီပဲယင်းမြို့နယ် အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် အင်ဘုတ်ကျေးရွာ အနီးအရောက်၌ လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၆၀ ဦး ခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ အကြမ်းဖက်သူများမှာ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက ယင်းတို့ ထွက်ပြေးရာ လမ်းကြောင်းအတိုင်း လိုက်လံဖမ်းဆီး ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင်  အင်ဘုတ်ကျေးရွာနှင့် ဆပ်ပြာကျင်း ကျေးရွာကြားအရောက်တွင် အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သူများက ထပ်မံ ချောင်းမြောင်းတိုက်ခိုက်ခဲ့ သည်။

ထိုသို့ တိုက်ခိုက်လာမှုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက  ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ အကြမ်းဖက်သူများဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သူ များအတွင်းမှ  ဗန်းမော်နည်းပညာ တက္ကသိုလ်မှ GTU စတုတ္ထနှစ် ကျောင်း သား အောင်ဇော်မြင့် (၂၁)နှစ်  (ဘ) ဦးမင်းနိုင်ကို လက်လုပ်တူမီးသေနတ် ၃ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်းတောင့် ၁၇ တောင့်၊ Fuse တစ်ချောင်း၊ ဓားရှည် ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။               ဆွေဦး






အခြားဆက်စပ်သတင်းများ