နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂက်စ်ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်စဉ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန်လုပ်မည်ဟု တရုတ်သမ္မတပြော

ပေကျင်း ဇွန် ၁၆

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၌ဓာတ်  ငွေ့ပေါက်ကွဲမှု ဖြစ်စဉ်အပေါ် ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်နိုင်သမျှ အစွမ်း ကုန်လုပ်ဆောင်မည်ဟု အမိန့်ပေး ညွှန်ကြားထားကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော် မတီ (CPC) အထွေထွေအတွင်းရေးမှူး ချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ သမ္မတရှီက ပေါက်ကွဲမှုအတွင်း သေဆုံးဒဏ်ရာရသွားသူများ၏ မိသားစု ဝင်များအား နှစ်သိမ့်အားပေးမှုပြုလုပ် ရန်နှင့် အခင်းဖြစ်စဉ်အားအချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အာဏာပိုင်များကို ညွှန်ကြားခဲ့သည်။

အဆိုပါ ဂက်စ်ဓာတ်ငွေ့ပေါက်ကွဲမှု သည် Shiyan မြို့ရှိ ကုန်စည်ကူးသန်း ရောင်းဝယ်ရာ ရပ်ကွက်ဈေးတစ်ခု၌ ဇွန် ၁၃ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံးကာ အခြား ၃၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်စောင့်ရှောက်ရန် ၊ လူမှု အသိုက်အဝန်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်နှင့် တရုတ်ကွန်မြူနစ်ပါ တီတည်ထောင်ခြင်း နှစ် ၁၀ဝ ပြည့်အ ထိမ်းအမှတ်အား ပျော်ရွှင်စွာပါဝင်ဆင် နွှဲနိုင်ရန်အတွက် အဓိက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ဌာန များအနေဖြင့် မိမိလုပ်ငန်းတာဝန်အ ပေါ် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ် ကြောင်းလည်း ရှီက တိုက်တွန်းပြော ကြားခဲ့သည်။
မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ