နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်၏ မူးယစ်ဂိုဏ်းနှိမ်နင်းသည့် လုပ်ရပ်အပေါ် စုံစမ်းစစ်ဆေးမည်

မနီလာ  ဇွန် ၁၆  

ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများကို ဖြို ခွင်းသည့် အစိုးရ၏ဆောင်ရွက်ချက်များ ကို စုံစမ်းစစ်ဆေးခွင့်ပေးရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရှေ့နေက လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်းသိရ သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း စခဲ့သည့် ကနဦး စုံစမ်းစစ်ဆေးမှုတွင် ဖိလစ်ပိုင်နိုင်ငံအတွင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်  ၁ ရက် မှ ၂၀၁၉ ခုနှစ်၊ မတ် ၁၆ ရက်အတွင်း လူသားမျိုးနွယ်အပေါ် ဆန့် ကျင်ကျူးလွန်သည့် သတ်ဖြတ်မှုများ လုပ်ခဲ့သည်ဟု ဆုံးဖြတ်ထားကြောင်း ရှေ့နေ Fatou Bensouda က ပြော သည်။

ICC ၏ ကနဦး စုံစမ်းစစ်ဆေးမှု ကြောင့် ၂၀၁၉ ခုနှစ်၊ မတ် ၁၆ ရက် တွင် ဖိလစ်ပိုင်က ICC အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခဲ့ပြီး ယင်းသို့နုတ်ထွက်ခဲ့သော် လည်း ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ် စွဲထားခြင်းကြောင့် ICC အနေနှင့် တရား စီရင်ပိုင်ခွင့်ရှိကြောင်း ရှေ့နေလုပ်သက် ၉ နှစ်တာရှိပြီဖြစ်သည့် ရှေ့နေ Bensouda က ပြောသည်။
ဖိလစ်ပိုင် သမ္မတ ဒူတာတေးကမူ အစိုးရ၏ မူးယစ်တိုက်ဖျက်ရေး မူဝါဒ များသည် ဥပဒေနှင့် ညီညွတ်ကြောင်း ICC က နုတ်ထွက်ချက် ကြေညာစဉ်က တည်းက ပြောဆိုထားပြီး ရှေ့နေ၏ လျှောက်ထားချက်ကို မည်သို့လုပ်ဆောင် မည်ကို မသိရသေးပေ။
မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ