နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်သစ်ဘင်နက်ဦးဆောင်သည့် အစိုးရသစ်အပြောင်းအလဲကို ပါလီမန်တွင် အတည်ပြု

ဂျေရုဆလင်   ဇွန် ၁၆

ဘန်ဂျမင်နာတာယာဟု၏ ၁၂ နှစ် ကြာစံချိန်တင် အစ္စရေးဝန်ကြီးချုပ်ဘဝ အဆုံးသတ်သွားပြီးနောက် အမျိုးသား ရေးဝါဒီ နက်ဖ်တာလီဘင်နက် ဦးဆောင် သည့် အစိုးရအပြောင်းအလဲကို ပါလီမန် က အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

ယင်းအစိုးရသစ်အဖွဲ့နှင့် စပ်လျဉ်း၍ အသက် ၇၁ နှစ် အရွယ်ရှိပြီ ဖြစ်သည့် နေတန်ယာဟုက လူတွေထင်ထားသည့် အချိန်ထက်စောပြီး အစိုးရအဖွဲ့သို့ ပြန် လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ အတိုက်အခံဖြစ်သွားရင် အတိုက်အခံအဖြစ်နဲ့ပဲ သူတို့ကိုပြုတ် ကျသွားအောင်လုပ်ပစ်မယ်” ဟု ပါလီမန် တွင် ဝန်ကြီးချုပ်သစ် ဘင်နက် ကျမ်း သစ္စာမပြုခင် နေတန်ယာဟုကပြော သည်။

တဲလ်အဗစ်မြို့တွင် နှစ်နှစ်အတွင်း အဖြေမပေါ်သည့် ရွေးကောက်ပွဲလေး ခုအပြီးတွင် ယခုရလဒ်ထွက်ပေါ်လာ ခြင်းဖြစ်ပြီး အဆိုပါရလဒ်ကို လူထောင် ပေါင်းများစွာက  ကြိုဆိုကြကြောင်း သတင်းဌာနများတွင် ဖော်ပြကြသည်။

အစိုးရသစ်အနေဖြင့် အန္တရာယ်ရှိ သည့် နိုင်ငံတကာအရေးကိစ္စများဖြစ် သော ပါလက်စတိုင်းမူဝါဒများကို ရှောင် ရှားပြီး ပြည်တွင်းပြုပြင်ပြောင်းလဲမှုများ ကို အာရုံစိုက်လုပ်ဆောင်ရန် အစီအစဉ် ကျယ်ကျယ်ပြန့်ပြန့်ချထားကာ အမေရိ ကန်သမ္မတဂျိုးဘိုင်ဒင်က အစိုးရသစ် ကိုကြိုဆိုဂုဏ်ပြုလိုက်ပြီး နှစ်နိုင်ငံကြား နီးကပ်အဓွန့်ရှည်သည့် ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေရန်  မျှော်လင့် ကြောင်း ပြောကြားထားသည်။
 ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ