နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ လက်လုပ်သေနတ်များကို တာဝန်ရှိသူများမှတစ်ဆင့် လာရောက်အပ်နှံ

နေပြည်တော်၊  ဇွန် ၁၄

ဇွန်လ ၁၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့၊ နမ့်ပုံးပုံး ရပ်ကွက်နှင့် ကုန်းမခံကျေးရွာမှ ပြည်သူများက လက်လုပ်တူမီး သေနတ် ၁၂ လက်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စုမှ လက်လုပ်လေထိုးသေနတ် တစ်လက် ကို လည်းကောင်း၊ မြောင်းမြမြို့နယ်၊ သဇင်ကုန်းကြီး ကျေးရွာအုပ်စုမှ လေသေနတ် တစ်လက်ကိုလည်း ကောင်း၊ လပွတ္တာမြို့နယ်၊ ပိုးလောင်း ကျေးရွာအုပ်စုမှ လေသေနတ် ၂ လက် ကိုလည်းကောင်း၊ မကွေးတိုင်းဒေသ ကြီး၊ ဂန့်ဂေါမြို့နယ်၊ စကားကျေးရွာမှ လက်လုပ်တူမီးသေနတ် ၂ လက်၊ လုပ်လက်စတူမီးသနတ် ၂ လက်နှင့် လက်လုပ် ဂက်စ်သေနတ်တစ် လက်တို့ကိုလည်းကောင်း ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ မှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အသီးသီးလာရောက် အပ်နှံခဲ့ကြောင်း သိရသည်။        

ဆွေဦး






အခြားဆက်စပ်သတင်းများ