နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အစီအစဉ်တစ်ရပ် အမေရိကန်အစိုးရ ကြေညာ

ဝါရှင်တန်   ဇွန် ၁၄

ဝင်ငွေနိမ့်နှင့် အလယ်အလတ်ဝင်ငွေအဆင့်နိုင်ငံများအတွက် အခြေခံအ ဆောက်အအုံဆိုင်ရာ ဘဏ္ဍာငွေကြေးပိုင်း အကူအညီပေးမည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်သမ္မတ Joe Biden အစိုးရက ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို '' ပိုမိုကောင်း မွန်သည့် ကမ္ဘာကြီးတည်ဆောက်ရေး'' ဟု အမည်ပေးထားပြီး ယင်းကို ဗြိတိန် နိုင်ငံ၊ Cornwall မြို့တွင် ကျင်းပသည့် G-7 ထိပ်သီးအစည်းအဝေးအတွင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်က ကြေညာခဲ့သည့် စီမံ ကိန်းကို အတိုကောက်အားဖြင့် "B3W" ဟုခေါ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လိုအပ် နေသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘဏ္ဍာငွေကြေးအ တွက် ဒေါ်လာ ထရီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရေးအတွက် ပုဂ္ဂလိက ကဏ္ဍ ကိုစုစည်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင် အလုပ်သမားရေးရာ၊   သဘာဝ ပတ်ဝန်းကျင်ရေးရာနှင့် ပွင့်လင်းမြင်သာမှု ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် ပြည့်မီရန်လည်းရည်ရွယ်ကြောင်း သိရ သည်။

အဆိုပါစီမံကိန်းကို စတင်အကောင် အထည်ဖော်မည့်အချိန်၊ စီမံကိန်းကို ဖွဲ့စည်းတည်ဆောက်ပုံ၊ ဘဏ္ဍာငွေကြေး အတိုင်းအတာပမာဏနှင့် အမေရိကန် က ရန်ပုံငွေမည်မျှ ထည့်ဝင်မည်ဆိုသည့် အချက်များကိုမူ ရှင်းရှင်းလင်းလင်း မသိ  သေးပေ။            ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ