နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝူဟန်ဓါတ်ခွဲခန်းမှ Covid စတင်သည့် စွပ်စွဲချက်အတွက် ကန်နိုင်ငံခြားရေးဝန်ကြီးကို တရုတ်ငြင်းဆို

ဘေကျင်း  ဇွန် ၁၄

ဝူဟန်ဓါတ်ခွဲခန်းတစ်ခုမှ Covid ရောဂါ စတင်ခဲ့သည်ဆိုသည့် ကန်နိုင်ငံ ခြားရေးဝန်ကြီး ဘလင်ကင်၏ စကားသည် ကျိုးကြောင်းဆီလျှော်မှု မရှိသဖြင့် ငြင်းဆန်ကြောင်း တရုတ်ထိပ်တန်းသံတမန်က တရားဝင်ထုတ် ဖော်ပြောကြား လိုက်သည်။

ယင်းပြောကြားချက်နှင့် ပတ်သက် ၍ ဘလင်ကန်က တရုတ်နိုင်ငံတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူများဦး ဆောင်သည့် အဆင့် ၂ စစ်ဆေးမှုအပါ အဝင် ဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက် ပြီး ပူးပေါင်းဆောင်ရွက်ပွင့်လင်းမြင် သာ မှု အရေးကြီးကြောင်း ပြန်လည်ပြော ကြားထားသည်။

ဘေကျင်း၏ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင် အကြီးအကဲ ယန်ကျဲချီက ထိုင်ဝမ်နှင့်ပတ်သက်သည့် ပြဿနာများ ကို သတိထားပြီး သင့်တင့်လျှောက်ပတ် စွာ ကိုင်တွယ်သင့်ကြောင်း ဘလင်ကန် ကို ပြောကြားထားသည်။

အလားတူ ဘလင်ကန်နှင့်ယန် အ ကြား အခြားဆွေးနွေးသည့် ကိစ္စတခုမှာ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ဖျက်သိမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန်   လိုခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။    
ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ