နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WHO ၏ ၂၀၂၁ ခုနှစ် ဆေးရွက်ကြီးတိုက်ဖျက်ရေးဆုကို ကမ္ဘောဒီးယားနိုင်ငံရရှိ

ဖနွမ်းပင် ဇွန် ၁၄

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘောဒီးယားနိုင်ငံအား ဆေးရွက်ကြီး အသုံးပြုမှုထိန်းချုပ်ရေး ကြိုးပမ်းအား ထုတ်မှုများအတွက် ၂၀၂၁ ခုနှစ် ကမ္ဘာ လုံးဆိုင်ရာ ဆေးရွက်ကြီးကင်းမဲ့ရေးနေ့ ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ဆေးရွက် ကြီးအသုံးပြုမှု ထိန်းချုပ်ရေး ကြိုးပမ်း အားထုတ်မှုများ  ဆက်လက်ဆောင်ရွက် ခြင်းအပေါ် ဂုဏ်ယူကြောင်း၊ ဆေးရွက် ကြီး ထိန်းချုပ်ရေး  ထိရောက်သော ဆောင်ရွက်ချက်များက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက်အကူဖြစ်စေ ပြီး ပြည်သူများ၏  ကျန်းမာရေးနှင့် ကြွယ်ဝချမ်းသာမှုကိုလည်း မြှင့်တင်ပေး လျက်ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၅ ခုနှစ်မှစ၍ ဆေးရွက်ကြီးထိန်းချုပ်ရေးဥပဒေပြုခြင်း၊ အများပြည်သူဆိုင်ရာ နေရာများနှင့် လုပ်ငန်းခွင်တွင် ဆေးလိပ် သောက်ခြင်းအား တားမြစ်ခြင်းအပြင် စီးကရက်ထုပ်ပိုးမှုများပေါ်တွင် ကျန်းမာ ရေး သတိပေးချက်ပုံများ ကျယ်ကျယ် ပြန့်ပြန့်ထည့်သွင်း အကောင်အထည် ဖော်ရေး အပါအဝင် ဆေးရွက်ကြီး အသုံး ပြုမှုလျှော့ချရန် အဓိကဆောင်ရွက် ချက်များ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
ကျန်းမာရေးဝန်ကြီးဌာနက အဆို အရ ကမ္ဘောဒီးယားနိုင်ငံတွင် ခန့်မှန်း ခြေ ဆေးလိပ်သောက်သုံးသူ ၁ ဒသမ ၆၈ သန်းရှိပြီး တစ်နှစ်လျှင် စီးကရက် ကြောင့် အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် သုံးစွဲလျက်ရှိကြောင်း သိရသည်။
မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ