နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု၏ အုပ်ချုပ်မှုအဆုံးသတ်ရန် သေချာ

ဂျေရုဆလင်  ဇွန် ၁၄

အစ္စရေး တိုင်းပြုပြည်ပြုလွှတ်တော် အနေဖြင့် အသစ်ဖွဲ့စည်းလိုက်သည့် အစိုးရသစ်ကို အတည်ပြုရန်ဆောင်ရွက် နေပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံရေး လောက ကို နှစ်ပေါင်း ၁၂ နှစ်ကြာ အုပ်စိုး ခဲ့သည့် ဝန်ကြီးချုပ် နေတန်ယာဟု၏ အခန်း ကဏ္ဍအဆုံးသတ်ရန် သေချာ သွားပြီဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူ များကပြောကြားလိုက်သည်။

လက်ရှိ တင်မြှောက်ရန် စီစဉ်ထား သည့် အစိုးရအဖွဲ့သည် အလွှာပေါင်းစုံမှ နိုင်ငံရေးသမားများပါဝင်သည့်   ညွန့်ပေါင်း အစိုးရဖြစ်ပြီး ယခုကဲ့သို့ ပါတီများစုပေါင်း ပြီး ညွန့်ပေါင်းအစိုးရအဖြစ် ရပ်တည် လိုက်ခြင်းမှာ အစ္စရေးနိုင်ငံရေးတွင် ဖြစ် တောင့်ဖြစ်ခဲကိစ္စတစ်ရပ် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း အစ္စရေး၏ နိုင်ငံရေးအရှုပ်အထွေးများ သည် လက်ရှိအချိန်တွင် အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီဖြစ်ကြောင်း လွှတ်တော် အမတ်တစ်ဦးက ထုတ်ဖော်ပြောကြား သွားခဲ့ပြီး ယာမီနာပါတီနှင့် ယက်ရှ်အေ တစ်ပါတီတို့ ပူးပေါင်းသွားခဲ့ခြင်းမှာ နေ တန်ယာဟုကို အဆုံးသတ်လမ်းဆီသို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
သဘောတူညီထားမှုအရ ယာမီနာ ပါတီခေါင်းဆောင် ဘန်းနက်သည် နေတန် ယာဟုအလွန် အစ္စရေးနိုင်ငံ၏ ဦးဆောင် သူ ဝန်ကြီးချုပ်သစ်ဖြစ်လာရန်ရှိနေပြီး ဘန်းနက် ၂ နှစ် တာဝန်ထမ်း ဆောင်ပြီး သွားပါက ယက်ရှ်အေတစ်ပါတီခေါင်း ဆောင် ယာလာပစ်ဒ်က ကျန် ၂ နှစ်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။          ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ