နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်သည့် စစ်ဘက်ဆိုင်ရာအစည်းအဝေး မြောက်ကိုရီးယားပြုလုပ်

ပြုံယမ်း   ဇွန် ၁၄

မြောက်ကိုရီးယားနိုင်ငံ့ခေါင်းဆောင်  ကင်ဂျုံအန်သည် စစ်တပ်၏တိုက်ခိုက်ရေး စွမ်းရည် ထပ်မံမြှင့်တင်ရာတွင် အရေးကြီးသောလုပ်ငန်းများကိုဆွေးနွေးရန် ဇွန်လ ဒုတိယပတ် အစောပိုင်းက စစ်ဘက်ဆိုင်ရာ အစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ကင်ဂျုံအန်အနေဖြင့် မြောက်ကိုရီး ယားနိုင်ငံ၏ (၈) ကြိမ်မြောက် ဗဟိုစစ် ကော်မရှင်၏ ဒုတိယမြောက် အစည်းအ ဝေးတွင် သဘာပတိအဖြစ်တက်ရောက် ခဲ့ပြီး အစည်းအဝေးတွင် ဗဟိုစစ်ကော်မ ရှင်အဖွဲ့ဝင်များ ၊ မြောက်ကိုရီးယားနိုင်ငံ စစ်တပ်နှင့်တပ်ဖွဲ့ဝင်များ ကွပ်ကဲမှု တပ်မှူးများနှင့် အခြားသက်ဆိုင်ရာဌာန များမှ အဖွဲ့ဝင်များကိုလည်းတက်ရောက် စေခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေးအတွက် အရေးကြီး သော လုပ်ငန်းစဉ် လေးရပ်အားချမှတ်ခဲ့ ကာ တော်လှန်ရေး၏ အတွင်း၊ အပြင် ပတ်ဝန်းကျင်နှင့် စည်းရုံးရေးဆိုင်ရာကိစ္စ ရပ်တို့ကိုလည်း  ဆွေးနွေးခဲ့ကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။

ကင်ဂျုံအန်သည် လက်ရှိအခြေအနေ နှင့် တပ်လုပ်ငန်းစဉ်၏ အခြေအနေမှန် ကို ဆန်းစစ်ခဲ့ပြီး အမြဲတမ်းဆွဲကိုင်ထားရ မည့် မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် တပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်း များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ