နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာတည်တံ့ရေး

လူတိုင်းသက်တမ်းစေ့အသက်ရှင်နေနိုင်ရေးနှင့် ရောဂါ ဘယကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာ ပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ထိရောက်သော ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရသည်။
ထိရောက်သောကုသမှုတွင် ခေတ်မီဆေးပညာရပ်များ အပြင် မြန်မာတိုင်းရင်းဆေးပညာလည်း အပါအဝင်ဖြစ် သည်။ မြန်မာတိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့် မားသည့် ရှေးဟောင်းအမွေအနှစ်ဆေးပညာတစ်ရပ်ဖြစ် သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင်၊ မြန်မာ့ယဉ်ကျေးမှုရိုးရာအမွေအနှစ် ဓလေ့ထုံးတမ်းအစဉ်အလာများ ထုံမွှမ်းလျက်တည်တံ့နေ ခဲ့သော ထီးနန်းသုံးတော်ဝင်ဆေးပညာလည်းဖြစ်သည်။

ယခုအချိန်အခါတွင် မြို့ပြကျေးလက်ဒေသနေပြည်သူ များသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေး ဝါးများကို အားကိုးယုံကြည်စွာ အသုံးပြုလျက်ရှိပြီး မြန်မာ နိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်ပါးသော အစွန်အဖျားဒေသများအထိ မြန်မာတိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။

ရှေးမြန်မာတိုင်းရင်းသမားတော်များ ခေတ်အဆက် ဆက် အမွေခံလာသော တိုင်းရင်းဆေးဝါးများ၏ကုသမှု နည်းများ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျသုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေး ပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း သဘာဝအလျောက်ပေါများစွာ ဖြစ်ထွန်းနေသည့်   သဘာဝအရင်းအမြစ်များဖြစ်သည့် အဖိုးတန်ပရဆေးပင်များ၊ ရေထွက်မြေထွက်နှင့် တိရစ္ဆာန် ထွက်ဆေးဖက်ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေး အတွက် ဆေးဝါးအဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။

ယင်းသဘာဝအရင်းအမြစ်များရှားပါးမှုကာကွယ်ရန်၊ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် အမျိုးသားပရဆေး ဥယျာဉ်များတွင် ဆေးဖက်ဝင်အပင်ပရဆေးပင်များ၊ ပရ ဆေးပျိုးပင်များ  စိုက်ပျိုးထိန်းသိမ်းထားလျက်ရှိသည်။ နာတာရှည်ရောဂါများဖြစ်သော ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေငန်း၊ အသည်းရောဂါရှင်များသည် တိုင်းရင်းဆေးများ ကို အားကိုးတကြီးဖြင့် ကုသမှုခံယူပြီး အမြစ်ပြတ်ပျောက် ကင်းသည်ဟု ယုံကြည်စွဲလမ်းကြသည်။
မြန်မာ့တိုင်းရင်းဆေးရေရှည်တည်တံ့ရေးတွင် ပိုမို ယုံကြည်စွာအသုံးပြုနိုင်ပြီး     သတ်မှတ်အရည်အသွေး ပြည့်မီသော နိုင်ငံတကာအဆင့်မီ တိုင်းရင်းဆေးဝါးများ တိုးတက်ထုတ်လုပ်သုံးစွဲစေချင်ကြောင်း ။    ။






အခြားဆက်စပ်သတင်းများ