နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌လက်လုပ်သေနတ်များကို တာဝန်ရှိသူများထံ လာရောက်အပ်နှံ

နေပြည်တော်၊  ဇွန် ၁၁
 ဇွန် ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စုရှိ ပြည်သူ တစ်ဦးက လက်လုပ်လေသေနတ်တစ်လက်ကို လည်း ကောင်း၊ မြန်အောင်မြို့နယ်၊ ဒေါင်းကျကျေးရွာအုပ်စုအတွင်း မှ လက်လုပ်လေသေနတ် ၁၁ လက်ကိုလည်းကောင်း၊ ဇလွန်မြို့နယ်၊ ပကွဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒူးလေးတစ်လက်၊ မြားတံနှစ်ချောင်း၊ ဒူးလေးပြုလုပ်ရန် ပြင်ဆင်ထားသည့် သစ်သားတစ်ခုတို့ကိုလည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှလက်လုပ် လေသေနတ်အဟောင်းတစ်လက်၊ လေထိုးတံတစ်ချောင်း၊ ဒူးလေးအဟောင်းတစ်လက်တို့ကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ နားပင်ကျေးရွာမှ လက်လုပ်ဂက်စ်သေနတ် တစ်လက်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းကလေး ကျေးရွာမှ လက်လုပ်လေသေနတ် သုံးလက်တို့ကိုလည်း ကောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ