နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရာတော်မြို့နယ်၌ လက်လုပ်ဗုံး ဖောက်ခွဲသူနှစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်းနေအိမ်မှ အကြမ်းဖက်ပစ္စည်းများသိမ်းဆည်းရမိ

အရာတော်၊  ဇွန် ၁၁

ဇွန် ၉ ရက်၊ နံနက် ၇ နာရီ ၂၀ မိနစ် အချိန်တွင် ရွှေဘိုခရိုင်၊ အရာတော် မြို့နယ်၊ သလဲဘာကျေးရွာအုပ်စု၊ စပါး တွင်းကျေးရွာနေ ဒေါ်ဌေး(၅၄)နှစ် (ဘ)ဦးထိန်နီ၏နေအိမ်ကို လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သည့် အကြမ်း ဖက်သူအမျိုးသားနှစ်ဦးကို ဆိပ်ဖူးကြီး ကျေးရွာရှိ အကြမ်းဖက်မှုကို မလိုလား သည့် ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါ ဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ မုံရွာမြို့၊ နန္ဒဝန်ရပ် ကွက်နေ ကျော်မျိုးသူ (၂၆)နှစ် (ဘ)ဦးလင်းနှင့် အရာတော်မြို့နယ်၊ရဲချင်း ကျေးရွာနေ လေပွေ(ခ) မင်းဇော်ထွန်း (၂၆)နှစ် (ဘ) ဦးမြင့်တို့နှစ်ဦးကို အရှည် ၁၁ လက်မခန့် လက်လုပ် သေနတ်တစ်လက်၊ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြု သည့်ပစ္စည်းများတို့နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယင်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိထား သဖြင့် ဆေးကုသမှုခံယူနိုင်ရေး အရာတော်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။

အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှု ကြောင့် လူနှင့်အဆောက်အဦ ထိခိုက် မှုမရှိကြောင်းနှင့် အဆိုပါ ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးအဟောင်း ဖြစ်သူ ဦးတိုးရွှေ၏ နေအိမ်ကို မွန်းလွဲ ၁၂ နာရီခွဲ အချိန်၌ ဝင်ရောက်ရှာဖွေရာ ဦးတိုးရွှေနှင့် မိသားစုများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ M-67 လက်ပစ်ဗုံး နှစ်လုံး၊ စနက်တံလေးချောင်း၊ လက်လုပ်  လေသေနတ်တစ်လက်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် အရာတော်မြို့သို့ ပြန်လည် ထွက်ခွာလာစဉ် သလဲဘာတိုက်နယ် ဆေးရုံအနီးအရောက်၌ အဆိုပါဆေးရုံ နှင့် ဆင်တလည်ကျေးရွာကြား လမ်းမ ပေါ်၌ အကြမ်းဖက်သူများ ထောင်ထား ခဲ့သည့် လက်လုပ်မိုင်း ၁၈ လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ရှင်းခဲ့ပြီး အဆိုပါ နေရာအနီးမှ မီးပုလင်း ၂၅ လုံး၊ ဝါယာကြိုးခွေအပိုင်းအစများ၊ NLD တံဆိပ်ပါ Mask ၃၀ ခုတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။                  
ဆွေဦး






အခြားဆက်စပ်သတင်းများ