နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပြိုင်ပွဲဝင်အင်္ဂလန်လက်ရွေးစင်ကစားသမားတွေ ရရှိနေတဲ့ လုပ်ခလစာငွေများ လေ့လာ

‌ဇွန် ၁၁

ယူရိုပြိုင်ပွဲဝင်အင်္ဂလန်အသင်းရဲ့ကစားသမား ၂၆ ဦးထဲမှာ ကမ္ဘာ့တန်ဖိုး အကြီးဆုံးကစားသမားအချို့ ပါဝင် နေတာကို ငြင်းလို့မရပါဘူး။ ဒါပေမယ့် အင်္ဂလန်ကစားသမားတစ်ဦးချင်းစီရဲ့ သက်ဆိုင်ရာကလပ်အသင်းမှာ ရရှိနေ တဲ့ လုပ်ခလစာတွေကို နှိုင်းယှဉ်ကြည့် လိုက်ရာမှာ ကွာဟချက် ကြီးမားနေတာ ကိုတွေ့ရပါတယ်။

ဒီကွာဟမှုတွေကို လေ့လာခဲ့ရာမှာ လုပ်ခလစာအလွန် နည်းခြင်း၊အလွန်များပြားခြင်း၊လုပ်ခလစာနည်းပါးခြင်း၊များပြားခြင်းနဲ့ထိုက် သင့်တဲ့လုပ်ခလစာဆိုပြီး၊ ကျွမ်းကျင်သူ တွေကလေ့လာဖော်ပြထားကြတာတွေ့ ရပါတယ်။ လုပ်ခလစာအလွန်နည်းပါးနေတဲ့ကစားသမားများဟာ ပါဝင် ယှဉ် ပြိုင်နေရတဲ့ ပြိုင်ပွဲကြီးတွေနဲ့စာရင်၊ လုပ်ခလစာဟာ အဆမတန် နည်းပါး နေကြောင်း  ပြောရမှာဖြစ်ပါတယ်။

ဒီကစားသမားတွေထဲက  ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ  အထင်ကြီးစရာ ခြေစွမ်းတွေနဲ့အတူ  လုပ်ခလစာ အနည်းငယ်တိုးမြှင့်  ရရှိလာကြပြီး၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့အရေး ပါတဲ့ကစားသမားတွေအဖြစ် သတ်မှတ် ခံလာရသူတွေ ဖြစ်ပါတယ်။ ဟယ်ရီ ကိန်းဟာ  လစာနည်းတဲ့စာရင်းမှာ ပါဝင်နေတဲ့အတွက်  အနည်းငယ် ဝေဖန်စရာဖြစ်နေပြီး သူ့ရဲ့ခြေစွမ်း အဆင့်အတန်းအရ  ယခုထက်ပိုပြီး လုပ်ခလစာရရှိသင့်ကြောင်း ထောက်ပြ ထားတာတွေ့ရပါတယ်။ယခုဖော်ပြ ခဲ့တဲ့ ကစားသမားတွေရဲ့ လုပ်ခလစာ နည်းခြင်း၊များခြင်း သတ်မှတ်ချက်ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့သက်ဆိုင်ရာ ကလပ်အသင်း အတွက် အကျိုးပြုနိုင်မှု တွေအရ ကျွမ်းကျင်သူတွေက လေ့လာ ပြီး သတ်မှတ်ဖော်ပြထားကြောင်း သိရ ပါတယ်။                                     (SO)






အခြားဆက်စပ်သတင်းများ