နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးအသင်း ဥက္ကဋ္ဌက တိုက်စစ်မှူး ဟယ်ရီကိန်းကို စတာလင်ပေါင်သန်း ၁၅၀ ရရှိလျှင် ရောင်းချမည်

ဇွန် ၁၁

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို စတာလင်ပေါင် သန်း ၁၅၀ ရရှိပါက ရောင်းချသွားမည်ဟု အသင်း ဥက္ကဋ္ဌ လီဗိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဟယ်ရီကိန်းကို ခေါ်ယူရန် ပြင်ဆင်နေသည့် ပရီးမီးယားလိဂ်ကလပ်အသင်းများ ဖြစ်ကြသည့်  မန်စီးတီး၊  မန်ယူနှင့်ချဲလ်ဆီးအသင်းတို့က ကစားသမား အလိုက်ပေးကမ်းလှမ်း၍ ပြောင်းရွှေ့ကြေးလျှော့ချရန် စီစဉ်နေသော်လည်း စပါး အသင်းဥက္ကဋ္ဌ လီဗိုင်းက ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို လက်မခံဘဲ အသားတင် ပြောင်းရွှေ့ကြေးသာရရှိရန် ဆန္ဒရှိနေသည်။

“ကျွန်တော့်အသင်းက ကစားသမားအတွက် ပြောင်းရွှေ့ကြေးလျှော့ချပြီး ကစားသမားအလိုက်ပေးကမ်းလှမ်းတာကို လက်ခံမှာမဟုတ်ပါဘူး။ ဟယ်ရီ ကိန်းကို ခေါ်ယူချင်ရင်တော့ စတာလင်ပေါင် သန်း ၁၅၀ ပေးနိုင်ရင်ရပါပြီ။ လက်ရှိ အချိန်မှာတော့ သူ့ကို စတာလင်ပေါင် သန်း ၁၅၀ ပေးပြီး ခေါ်ယူဖို့ ကျွန်တော့်ဆီ ဆက်သွယ်လာတဲ့ အသင်းကြီးတွေ မရှိသေးပါဘူး”ဟု စပါးအသင်း ဥက္ကဋ္ဌ လီဗိုင်းက ပြောကြားခဲ့သည်။                                                                               (သူရိန်)






အခြားဆက်စပ်သတင်းများ