နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲကို ရွှေ့ဆိုင်းမည်

ဟနွိုင်း    ဇွန်    ၁၁

လာမည့် နိုဝင်ဘာလတွင် ကျင်းပ မည့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များကြောင့် ရက်ရွှေ့ဆိုင်းရန် အိမ်ရှင် ဗီယက်နမ်နိုင်ငံက စီစဉ်လျက် ရှိသည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် လာမည့် နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၂ရက်နေ့အထိ နေရာပေါင်း (၁၁) နေရာ တွင်ကျင်းပမည်ဖြစ်ပြီး  ကျင်းပမည့် နေရာများအနက် အချို့နေရာများသည် Covid 19 လှိုင်းအသစ်ရိုက်ခတ်နေသည့် နေရာဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ဗီယက်နမ်တွင် ၃၁ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ ဆိုင်း ကျင်းပလိုခြင်း ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်၏ အိုလံပစ် ကော်မတီက  အားကစားပွဲတော်ကို လာမည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် ပြောင်းလဲကျင်းပရန်   ကော်မတီသို့ စာပေးပို့    အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
ရဲခေါင် (Ref; Bangkok Post)






အခြားဆက်စပ်သတင်းများ