နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီသီယိုးပီးယားဒေသအချို့တွင် အငတ်ဘေးအန္တရာယ်မရှိကြောင်း သက်ဆိုင်ရာဌာနမှ ထုတ်ပြန်

အဒစ္စဘာဘာ    ဇွန်   ၁၁

ပြီးခဲ့သည့်  နိုဝင်ဘာလက မငြိမ် မသက်ဖြစ်နေသည့် အီသီယိုးပီးယား မြောက်ဘက်စွန်းရှိ တီဂရေးဒေသတွင် အငတ်ဘေးအန္တရာယ် ကြုံရဖို့မရှိကြောင်း  အီသီယိုးပီးယားဘေးအန္တရာယ် စီမံ ခန့်ခွဲမှုကော်မရှင် နာမီတီကူကတ်ဆာ က ကျန်းမာရေးဝန်ကြီး လီတာဒက်ဆီ နှင့်ပူးတွဲပြုလုပ်သည့်     သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တီဂရေးဒေသတွင်    ယခုထိတိုင် ပဋိပက္ခဖြစ်ပွားနေခဲ့ရာ ထောင်နှင့်ချီ သည့် အီသီယိုးပီးယားလူမျိုးများမှာ ပြည်တွင်းမှအိုးအိမ်များ စွန့်ခွာထွက် ပြေးခဲ့ရပြီး အိမ်နီးချင်း ဆူဒန်သို့ လူဦးရေ ခြောက်သောင်းကျော် ဝင်ရောက်ခိုလှုံ ခဲ့ရကြောင်း၊  သို့ရာတွင် အငတ်ဘေး အန္တရာယ်ကိုမူ ကြုံနေခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည်အပတ်က ကုလသမဂ္ဂ လူသားချင်း    စာနာထောက်ထားမှု ဆိုင်ရာအကြီးအကဲ မတ်ခ်လိုးကွခ်က အီသီယိုးပီးယားမြောက်ဘက်စွန်းဒေသ တီဂရေး၌  ပြင်းထန်သော ငတ်မွတ် ခေါင်းပါးမှုအခြေအနေ   သို့မဟုတ် အနည်းဆုံး  အစာရေစာငတ်မွတ် ခေါင်းပါးခြင်းဖြစ်နိုင်ကြောင်း ထပ်မံ ပြောခဲ့သဖြင့် သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေခြင်း အပေါ် ယင်းက ပြောခဲ့ခြင်း ဖြစ်သည်။

ငတ်မွတ်ခေါင်းပါးမှုအတွက် အဆင့် သတ်မှတ်ရာတွင် လူတစ်သောင်းလျှင် နှစ်ဦးနှုန်းအထက်  နေ့စဉ်သေဆုံးမှု၊ လူဦးရေ ၃၀ ရာခိုင်နှုန်းအထက် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အာဟာရချို့တဲ့မှု၊ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ အထက် အစားအစာရှားပါးမှုစသည့် အခြေအနေ ၃ ခုလုံးနှင့် ကိုက်ညီရမည် ဖြစ်ပြီး   အီသီယိုးပီးယားသည် ယင်း အခြေအနေထိ    မဖြစ်သေးကြောင်း အာဏာပိုင်များ ပြောကြားချက်အရ သိရသည်။              ရဲခေါင် (Ref;BBC)






အခြားဆက်စပ်သတင်းများ