နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပိုင်တစ်တော့ခ်နှင့် ဝီချတ်အတွက် ကန်သမ္မတဘိုင်ဒင် အမိန့်သစ်ထုတ်

ဝါရှင်တန်    ဇွန်   ၁၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ထရမ့်လက်ထက်က ပိတ်ပင်ခဲ့သည့် တရုတ်ပိုင် TikTok နှင့် WeChat တို့ကို ပိတ်ပင်ထားမှုမှ ပြန်လည်ရုပ်သိမ်းပေး လိုက်ပြီး  အမိန့်သစ်တစ်ခုထုတ်ပြန် လိုက်သည်။ ဘိုင်ဒင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့်  သမ္မတအမိန့်သစ်မှာ ယင်းအက်ပလီကေးရှင်းများကို  ပြန် လည်သုံးသပ်စစ်ဆေးပြီး လုံခြုံရေးအရ အန္တရာယ်ရှိသည်ဆိုပါက ပိတ်ပစ်လိုက် ရန်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုကို  ညွှန်ကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ အမိန့်သစ်မှာ သမ္မတ ဟောင်း ဒေါ်နယ်လ်ထရမ့်က တရုတ်ကို သီးခြားအရေးယူခဲ့သည့် TikTok နှင့် WeChat တို့ကို အမေရိကန်နိုင်ငံတွင် အသုံးပြုခြင်းကို  ပိတ်ပင်ဖို့ကြိုးစားခဲ့ သည့်အမိန့်ကို အစားထိုးပြောကြားခဲ့ ခြင်းဖြစ်သည်။

သို့ရာတွင် တစ်တော့ပ်က အမေရိကန်  ကုမ္ပဏီကို ရောင်းချမည့်ကိစ္စမှာမူ ယခု အမိန့်သစ်နှင့်မဆိုင်ဘဲ သီးခြားအနေနှင့် အမျိုးသားလုံခြုံရေးကိစ္စ သုံးသပ်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအမိန့်မှာ ဘိုင်ဒင်၏ တစ်ပတ်ကြာဥရောပခရီးစဉ် တွင်ပေါ်ထွက်ခဲ့ခြင်းဖြစ်ပြီး  ဘိုင်ဒင်၏ ယင်းခရီးများတွင် တရုတ်နိုင်ငံကိစ္စမှာ အဓိကဆွေးနွေးစရာ ဖြစ်လာမည်ဖြစ် သည်။                     မျိုးဝင်း (Ref;BBC)






အခြားဆက်စပ်သတင်းများ