နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှော်ကားရေလှောင်ကန် သစ်တော မြေဧက ၅၀ တွင် သစ်ပင်ပေါင်း ၈၀၀၀၀ ကျော် စိုက်ပျိုးရန်စီစဉ်လျက်ရှိ

ရန်ကုန်၊ ဇွန် ၁၀ 


လှော်ကားရေလှောင်ကန်ရှိ ရေဝေရေလဲသစ်တော မြေနေရာ ဧက ၅၀ တွင် ကျွန်း၊ ပျဉ်းကတိုးနှင့် အရိပ်ရပင်အပါ အပင်သစ်ပင်ပေါင်း ၈၀၀၀၀ ကျော်ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အဖြစ် ယခုနှစ် မိုးရာသီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက စိုက်ပျိုးသွားရန်စီစဉ်လျက်ရှိ ကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးခြင်းကို   နှစ်စဉ်မိုးရာသီရောက်တိုင်း  မြို့တော် စည်ပင်က   ရေလှောင်ကန်ကြီးများ  ပတ်ဝန်းကျင်နှင့်  မြို့တော် အတွင်းရှိ လမ်းဘေးဝဲယာများ၊ လမ်းလယ်ကျွန်းများတွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ပြိုလဲပျက်စီးသွားသော သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးခြင်း၊ ရေလှောင်ကန်ပတ်ဝန်းကျင်ရှိ မြေနေရာ များတွင် သစ်မာပင်များကိုလည်း ရန်ကုန်မြို့တော် စိမ်းလန်းသာယာ သန့်ရှင်းလှပရေးလုပ်ငန်း ကော်မတီ၏လမ်းညွန်ချက်နှင့်အညီ ဆပ်ကော်မတီများက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးရန်သစ်ပင်များ စီစဉ်ထားမှုမှာ လှော်ကားရေလှောင်ကန် ရေဝေရေလဲ သစ်တောမြေဧက ၅၀ တွင် ကျွန်း၊ ပျဉ်းကတိုး ၅၄၀၀၀ အရိပ်ရပင်၊ မဟော်ဂနီ၊ ဆီသပြေ၊ ခရေ၊ ရေတမာ စသည့် အပင်ပေါင်း ၂၇၀၀၀ နှင့် စိမ်းလန်းသောလှော်ကား သစ်တောမြေ ၁၀၅ ဧက၌  သဘာဝဘေးအန္တရာယ်ကြောင့် ပြိုလဲသွားသောသစ်ပင်များ နေရာတွင် အရိပ်ရအပင်ပေါင်း ၂၇၀၀ ခန့်ကို အစီအစဉ်အတိုင်း အစားထိုးစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

လှော်ကားရေလှောင်ကန်အတွင်း  သစ်မာနှစ်ရှည်ပင်များကို     တိုးချဲ့အစားထိုးစိုက်ပျိုးရခြင်းမှာ  ကမ္ဘာကြီးပူနွေးမှုဖြစ်စဉ်များ ကြောင့် ရေလှောင်ကန်ကြီး၏ ရေပြင်အငွေ့ပျံခြင်းမှ ကာကွယ်နိုင် ရန်အတွက်   စိုက်ပျိုးခြင်းဖြစ်ကြောင်းကို   ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနက သိရသည်။

သတင်းနှင့်ဓာတ်ပုံ စောလှိုင်ဝင်း(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ