နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ တတိယအကြိမ် ညီလာခံကျင်းပရေး ကိုယ်စားလှယ်များရွေးချယ်ရန် နှိုးဆော်

ရန်ကုန်  ဇွန် ၁၀


မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ တတိယအကြိမ် ညီလာခံ ကျင်းပနိုင်ရေးအတွက် မြို့နယ်စာရေးဆရာအသင်းများ၏ မျက်နှာ စုံညီအစည်းအဝေးများ ကျင်းပရန်နှင့် ညီလာခံ ကိုယ်စားလှယ်များ ရွေးချယ်ပေးကြရန် မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ အကြောင်း ကြားချက်အရ မြို့နယ်ပေါင်း ၁၃၀ ကျော်တွင် မျက်နှာစုံညီ အစည်း အဝေးများ ကျင်းပပြီးစီးကာ မြို့နယ်အမှုဆောင်ကော်မတီများ ရွေးချယ်ခြင်းနှင့် ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ခြင်းပြီးစီး နေပြီဟု သိရသည်။   ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် မျက်နှာစုံညီအစည်းအဝေး ကျင်းပရန်ကျန်ရှိနေသည့် မြို့နယ်စာရေးဆရာအသင်း အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့နယ်မျက်နှာစုံညီ အစည်းအဝေးများကျင်းပ၍ ညီလာခံကိုယ်စားလှယ်များနှင့် မြို့နယ်အမှုဆောင်အဖွဲ့သစ်များ ရွေးချယ်ပေးကြရန် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၂၀၂၁ ခုနှစ် မေ ၉ ရက်တွင် နှိုးဆော် ထားကြောင်း သတင်းရရှိသည်။  

 မြို့တော်သတင်း






အခြားဆက်စပ်သတင်းများ