နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်မှုလယ်ယာစနစ်ကူးပြောင်းရေး တောင်သူပညာပေးသင်တန်းများ အခမဲ့ ပို့ချလျက်ရှိ

ရန်ကုန် ဇွန် ၁၀


မြန်မာ့လယ်ယာလုပ်ငန်း ခွင်များ၌ စက်ကိရိယာသုံးစွဲမှု သိသာစွာ တိုးတက်လာနေရာ လယ်ယာသုံးစက်ကိရိယာ ပြုပြင်မောင်းနှင် ထိန်းသိမ်းမှု သင်တန်းများကို စက်မှုလယ် ယာဦးစီးဌာနက နိုင်ငံတစ်ဝန်း စရိတ်ငြိမ်းအခမဲ့ သင်ကြားပေး လျက်ရှိသည်။ 


မိတ္ထီလာမြို့၊ ပဲခူးမြို့(ဘုရား ကြီး) နှင့် နေပြည်တော်(ဇေယျာ သီရိ) တို့ရှိ စက်မှုလယ်ယာသင် တန်းကျောင်းသုံးကျောင်းတွင် တောင်သူများအတွက် ထွန်စက်  ကြီးနှင့် ရိတ်သိမ်းခြွေလှေ့စက် အပါအဝင် လယ်ယာသုံး   စက် ကိရိယာပြုပြင်၊ မောင်းနှင်ထိန်း သိမ်းမှု နှစ်လကြာသင်တန်းများ ကို ပို့ချပေးလျက်ရှိပြီး ပုဂ္ဂလိက ပိုင် လယ်ယာသုံးစက်ကိရိယာ များ ပြင်ဆင်တတ်လိုသူများနှင့် စက်ပြင်လုပ်ငန်းငယ် (work-      shop)     လုပ်ကိုင်လိုသူများ    အတွက်   ရန်ကုန်၊   မအူပင်၊     ဟင်္သာတ၊ မြောင်းမြ၊ သထုံ၊ မကွေး၊ ကျောက်ဆည်၊ မုံရွာ၊ ရွှေညောင်နှင့် နေပြည်တော်ရှိ စက်မှုလယ်ယာ   ဦးစီးဌာန စက်ပြင် အလုပ်ရုံများတွင် တစ် လာကြာ  ပြုပြင်ထိန်းသိမ်းရေး သင်တန်းများ  ဖွင့်လှစ်ပို့ချပေး လျက်ရှိသည်။


လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်ထိန်းသိမ်းမှု နှစ်ပတ် ကြာ  အခြေခံသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ  စက်မှုလယ်ယာ စခန်းများတွင်     သက်ဆိုင်ရာ ဒေသခံတောင်သူများကို   ပို့ချ သင်ကြားပေးလျက်ရှိသည်။


သင်တန်းတက်ရောက်လိုသူ များအနေဖြင့်     နိုင်ငံတကာ အခေါ်အဝေါ်များဖြင့် စာတွေ့ လက်တွေ့ သင်ကြားကြရမည် ဖြစ်သဖြင့် ပညာအရည်အချင်း သတ်မှတ်ချက်မှာ အဌမတန်း အောင်မြင်ပြီး  အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရန် လိုအပ် သည်ဆို၏။တတ်ရောက်လိုသူများသည် နီးစက်ရာ စက်မှုလယ်ယာစခန်း များတွင် လျှောက်လွှာပုံစံများ အခမဲ့ရယူ၍ မှတ်ပုံတင်မိတ္တူနှင့် မိမိဓာတ်ပုံ ပူးတွဲပေးပို့လျှောက်ထားနိုင်ကြကြောင်း သိရသည်။

သင်တန်းအမျိုးအစားအားလုံးအတွက် သင်တန်းကာလအတွင်း နေထိုင်စားသောက်စရိတ်အပါအဝင် သင်တန်းအထောက်အကူပြု ကုန်ကြစရိတ်များကို  နိုင်ငံတော်က  ကျခံပေးမည်ဖြစ်ပြီး  အခမဲ့ တတ်ရောက်သင်ယူနိုင်ကြောင်း သိရသည်။


ယင်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ ခုနှစ် မေလကုန် အထိ  သင်တန်း ၈၅၄ ကြိမ်တွင်  တောင်သူ ၂၉၇၀၅ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ထိုအထဲမှ နိုင်ငံတကာ အသိမှတ်ပြု စက်ပြင်ကျွမ်းကျင် အဆင့်တစ်၊ ၄၃၆ ဦးကို NSSA (National Skill Standard Authority) "စံ" နှင့်အညီ  ထုတ်ပေးနိုင်ခဲ့ကြောင်း  သိရ သည်။                                                                  

မြတ်စိုး(လှိုင်)






အခြားဆက်စပ်သတင်းများ