နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းလျားကန်နှင့် ကန်တော်ကြီးကန်များ သန့်ရှင်း သာယာလှပရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဇွန် ၁၀


အင်းလျားကန်နှင့်   ကန်တော်ကြီးကန်များ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည် တည်တံ့ ခိုင်မြဲရေး ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်    ဆောင်ရွက်သွားမည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့တော် ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ  (၂)၌ ကျင်းပပြုလုပ်ရာ   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါက်တာ ဇော်ဝင်း၊ သက်ဆိုင်ရာဌာနမှူးများနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။(ဝဲပုံ)


ရှေးဦးစွာ ကော်မတီဝင် ဒေါက်တာဇော်ဝင်းက အင်းလျားကန်နှင့်  ကန်တော်ကြီးကန်များသန့်ရှင်း သာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ရေးဆွဲအကောင် အထည်ဖော် လုပ်ဆောင် မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ ရေပေးဝေရေး သမိုင်းကြောင်းမှ ထင်ရှားမည့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊  ရှေးယခင်တည်းက အင်းလျားကန် နှင့် ကန်တော်ကြီးကန်များကို သောက်သုံးရေကန် များအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက် ခဲ့ခြင်းဖြစ်ကြောင်း၊  သောက်ရေ၊ သုံးရေအခက်အခဲ ဖြစ်လာရင် အခက်အခဲဖြစ်လာရင် အရန်သောက်သုံးရေကန်အဖြစ် အသုံးပြုခဲ့ ကြောင်း၊ ထို့ကြောင့် ဒီရေကန်များကို ယခုအချိန်အထိ တတ်နိုင်သမျှ ကြိုးပမ်းထိန်းသိမ်း စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ဒီရေကန်  နှစ်ကန်သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးကို လည်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


တက်ရောက်လာသော ဌာနဆိုင်ရာများက တာဝန်ယူပြီး အင်းလျားကန်နှင့် ကန်တော်ကြီးကန်တွင်သာမက ရေလှောင်ကန် ကြီးတွေမှာလည်း မိုးမကျမီ နှစ်စဉ်မှန်မှန် ငါးသားပေါက်မွေးမြူရေး ကိုလည်း ပြုလုပ်စေချင်ကြောင်း၊ ယင်းကန် နှစ်ကန်ကို ရေမှော် များ၊ ဗေဒါများ၊ ဒိုက်များနှင့် နုန်းများမရှိစေရန် Copper Sulphate အရည်များဖြင့် စတင်ပက်ဖြန်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊  ထိုကန်နှစ်ကန်ကို  သေချာ စောင့်ရှောက် ထိန်းသိမ်းနိုင်ရန် ရေပြင်နယ်နိမိတ်မှန်ကန်ရေး၊ ရေ၏ ကောင်းမွန်သော ဂုဏ်သတ္တိများကို ပြန်လည်ပြသနိုင်ရေး၊ ရေကန် များ လုံခြုံရေး၊ လက်ရှိ ရှိနေတဲ့အခြေအနေကို ပြန်လည် ထိန်းသိမ်း နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိဌာနများမှ အားလုံး ပါဝင် ပေါင်းစပ် တာဝန်ယူကြရန်တို့ကို ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနမှူး များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး အခြေအနေများကို ရှင်းလင်းတင်ပြရာ ကော်မတီဝင် မှ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်း-သွင်မောင်မောင်၊ ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ