နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေကြီးရေလျှံမှုထိန်းသိမ်းနိုင်ရန် ရေထိန်းတံခါးများပိတ်၍ ရေစုပ်ထုတ်

ရန်ကုန် ဇွန် ၁၀


 ယခုကာလအတွင်း    မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေစီးရေလာ စီမံ ခန့်ခွဲ မှုဌာနမှ ရေထိန်းတံခါးများပိတ်၍ ရေစုပ်ထုတ်လျက်ရှိရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)  ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ တာဝန်ရှိ သူများလိုက်ပါလျက်    ယမန်နေ့   ညနေ ၃နာရီ ခွဲက လမ်းမတော်မြို့နယ် ရွာသစ်ချောင်းနှင့် တောင် ဥက္ကလာပ မြို့နယ် ရေပေါက်ကြည်ချောင်း ရေထိန်း တံခါးများသို့ သွားရောက်၍ ရေစုပ်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။(ယာပုံ)


ရှေးဦးစွာ      မြို့တော်ဝန်နှင့်အဖွဲ့သည် လမ်းမတော်  မြို့နယ် မော်တင် ယာယီဈေးရပ်ကွက် ကမ်းနားလမ်းရှိ  ရွာသစ်ချောင်း ရေထိန်းတံခါး မြစ်ထွက်ပေါက်သို့ ရောက်ရှိပြီးရေစုပ်စက် တစ်လုံး လျှင် တစ်မိနစ် ရေဂါလန် ၆၀၀၀ စုပ်ယူနိုင်သည့် Kubota Pump နှစ်လုံးဖြင့် ရေထိန်းတံခါးပိတ်၍ ရန်ကုန်မြစ်အတွင်းသို့    ရေစုပ်ထုတ်နေမှုအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြား ခဲ့သည်။ 


အဆိုပါရွာသစ်ချောင်း ရေထိန်းတံခါးသည် လသာမြို့နယ်နှင့်  လမ်းမတော်မြို့နယ်မှ စီးဆင်း သည့်ရေများအား    ကျုံးကြီးမြောင်းမှတစ်ဆင့် ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းစေရန်နှင့် မြစ်ရေ တက်မှုကြောင့် ရေဝင်ရောက်ပြီး အဆိုပါ မြို့နယ် များအတွင်း ရေကြီးရေလျှံမှု မဖြစ်စေရန် ထိန်းချုပ် ထားကြောင်း သိရသည်။


ဆက်လက်၍   မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်   သံသုမာလမ်းဘေးရှိ ရေပေါက်ကြည်ချောင်း   ရေထိန်းတံခါးသို့ သွားရောက်ပြီး ၁မိနစ်လျှင် ရေဂါလန် ၁၁၀၀ မှ ၂၂၀၀ ထိစုပ် ယူနိုင် သည့်CPM Pump ဖြင့် ငမိုးရိပ်ချောင်းသို့ ရေစုပ်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွန်မှာကြားခဲ့သည်။ အဆိုပါ ရေပေါက်ကြည်ချောင်း ရေထိန်းတံခါးမှာ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင် ဥက္ကလာပမြို့နယ်များမှ စီးဆင်းလာသည့် ရေများအား ရေပေါက် ကြည်ချောင်းမှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်စေရန်နှင့် ငမိုးရိပ်ချောင်းဒီရေတက်မှုကြောင့် ရေဝင်ရောက်မှုကို ကာကွယ်ရန် ထိန်းချုပ်ထားကြောင်း သိရသည်။


ယနေ့သည် ကဆုန်လကွယ်နေ့ဖြစ်သဖြင့် ညနေ ၄ နာရီ ၃ မိနစ် တွင် ရေအမှတ် ၅ ဒသမ ၇၈ မီတာသို့ ဒီရေမြင့်တက်မည်ဖြစ်သည့် အပြင် မိုးသည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သော ကြောင့် ရေထိန်းတံခါးများအား၂ နာရီကြိုတင်၍ ပိတ်ကာ ဒီရေ ဝင်ရောက်မှုကို တားဆီးပြီး မြို့တွင်းမှ စီးဆင်းသည့်ရေများကို စုပ်ထုတ်ခြင်းဖြင့် ရေကြီးရေလျှံမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေခြင်းဖြစ် ကြောင်းသိရသည်။                                             

သတင်း - မိုးဝေ၊ ဓာတ်ပုံ-မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ