နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်ရေး ကြပ်မတ်ဆောင်ရွက်

ရန်ကုန် ဇွန် ၁၀


ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)  ဦးညီညီ နှင့် ကော်မတီဝင်များ၊ သက်ဆိုင် ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက် ၇ နာရီက ရေစီးရေလာစီမံခန့်ခွဲမှုဌာန မှ ဆောင်ရွက်လျက်ရှိသော  ရန်ကင်းမြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များရှိ ချောင်း၊ မြောင်းများတိုးချဲ့ တူးဖော်နေမှုနှင့် အမှိုက်နှင့် နုန်းများ ဆယ်ယူ ရှင်းလင်း နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ အောက်နှင်းဆီ လမ်း၊ ပဉ္စနိကာယ်ကျောင်းရှေ့ ဆည်မြောင်းချောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်           မှ ဆည်မြောင်းချောင်းသည် မိုးသည်းထန်စွာ ရွာသွန်းလျှင် ရပ်ကွက်အတွင်းနှင့် လမ်းမပေါ် သို့ ရေများလျှံသဖြင့်အမှိုက် ပိတ်ဆို့မှုမရှိစေရေးအလေးထား ဆောင် ရွက်ရန်နှင့် မြောင်းဘေး ရှိ အမှိုက်နှင့် အုတ်ခဲပုံများကို ဖယ်ရှားရှင်းလင်းရန် မှာကြား သည်။ ဆည်မြောင်းချောင်း သည် အင်းလျားကန် ရေပိုလွှဲ မှစီးဝင်ပြီး ရန်ကင်း၊ မရမ်း ကုန်း၊ တောင်ဥက္ကလာပမြို့နယ် များကိုဖြတ်၍ ကျိုက္ကဆံချောင်း၊ ရေပေါက်ကြည် ချောင်းများမှ တစ်ဆင့် ငမိုးရိပ်ချောင်းအတွင်း သို့ စီးဆင်းလျက်ရှိကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မရမ်းကုန်း မြို့နယ်၊ ၄ ရပ်ကွက်၊ မင်းဓမ္မလမ်း နှင့် တော်ဝင်လမ်းထောင့်ရှိ မင်းဓမ္မဒုတိယ ဗဟိုစီးပွားရေး ဇုန် စီမံကိန်းဝင်းအတွင်း မြောင်း တိုးချဲ့ရှင်းလင်းနေမှု ကို ကြည့်ရှုစစ်ဆေးပြီး ထိုမှ တစ်ဆင့် ၃ ရပ်ကွက်ရှိ အောင်သိဒ္ဓိ ချောင်းထိ ရေလမ်း ကြောင်း ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အင်းစိန် မြို့နယ်၊ မင်းဓမ္မလမ်းနှင့် တော်ဝင် လမ်းထောင့်ရှိပင်မ ဆက်သွယ်ရေး အလုပ်ရုံတပ် ဝင်းအတွင်း ၂၁ တန် Long Arm Excavator ဖြင့် မြေသားမြောင်း ပြန်လည်ချဲ့ထွင် ဆယ်ယူနေမှု အား ကြည့်ရှုစစ်ဆေးပြီး ပြည်လမ်းအထိ အနက် ရအောင် တူးဖော်သွားရန်နှင့် တော်ဝင် လမ်း မြေအောက်မြောင်းမှ မင်းဓမ္မ စီမံကိန်းဝင်းမြောင်း အထိ ရေစီးဆင်းမှု ကောင်းမွန် စေရေး ဆောင်ရွက်သွားရန် မှာကြားသည်။ 


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ပြည်လမ်း Culvert နှင့် ရေနုတ် မြောင်းအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး အသောကာရုံ ရွှေကျင်စာသင်တိုက် အဝင်လမ်း ဘေးမြောင်းအား အကျယ်နှင့် အနက်ရအောင် Excavator ဖြင့် ဆက်လက် ရှင်းလင်းရန် မှာကြားသည်။ အဆိုပါမြောင်း များသည်  မင်္ဂလာဒုံ လေဆိပ် နှင့် စော်ဘွားကြီးကုန်းဝန်းကျင် ရပ်ကွက်များမှ စီးဆင်းသော ရေများကို စော်ဘွားကြီးကုန်း ပွဲရုံဝင်း မြေအောက်မြောင်း၊ ၎င်းမှ ပြည်လမ်းကို ဖြတ်၍ ပင်မဆက်သွယ်ရေး အလုပ်ရုံ တပ်ဝင်း၊ မင်းဓမ္မစီမံကိန်းဝင်း မြောင်းများမှ ဆက်လက် စီးဆင်းပြီး မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်၊ အောင်သိဒ္ဓိ ချောင်း၊ ၎င်းမှ လှိုင်မြစ် အတွင်းသို့ စီးဝင်လျက်ရှိရာ အဆိုပါချောင်း၊ မြောင်းများကို တိုးချဲ့ တူးဖော်ရှင်းလင်း ခြင်း၊ ချောင်းဖြတ်သန်းရာ တစ်လျှောက် Retention Basin ရေစုကန်များ တူးဖော်ခြင်း ဖြင့် စော်ဘွားကြီးကုန်းနှင့် မင်းဓမ္မပတ်ဝန်းကျင် ရေကြီး ရေလျှံမှုများကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် မရမ်း ကုန်းမြို့နယ် ၃ မြို့နယ် ဆုံရာ သံသုမာလမ်းဘေး ရေပေါက်ကြည်ချောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူ ရှင်းလင်းနေမှုနှင့် ချောင်း တိုးချဲ့ တူးဖော်နေမှုအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


ဆက်လက်၍ မြို့တော်ဝန် နှင့် အဖွဲ့သည်  မြောက်ဥက္ကလာပ စက်မှုဇုန်အတွင်း အမရာလမ်း ကို ဖြတ်သန်းသွားသောရွှေလှေ ချောင်းကို ၂၁ တန် Long Arm Excavator ဖြင့် တိုးချဲ့ တူးဖော်နေမှုနှင့် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ 


အဆိုပါ ရွှေလှေချောင်း သည် မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီ လမ်းရှိ မြောက်ဥက္ကလာပ ဆေးရုံမှစတင်စီးဆင်း၍ ထိုမှ တစ်ဆင့် ဝေပုလ္လအိမ်ရာအနီးမှ ဖြတ်ကာ ရေတံခါး ၃ ပေါက် ပါ ရွှေလှေချောင်း ရေထိန်း တံခါးမှ တစ်ဆင့် ငမိုးရိပ်ချောင်း အတွင်းသို့ စီးဝင်ကြောင်း၊ ရွှေလှေချောင်း ရေစီးရေလာ ကောင်းမွန်ခြင်းဖြင့် မြောက် ဥက္ကလာပမြို့နယ် (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ) ရပ်ကွက်များမှ ရေများ ရွှေလှေချောင်းအတွင်း သို့ အလွယ်တကူစီးဆင်းစေပြီး ရေကြီးရေလျှံမှုကို ကာကွယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - သွင်မောင်မောင်

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ