နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်နှင့် အင်းတော်မြို့နယ်တို့တွင်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဖားကန့်  ဇွန် ၁၀


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိုင်းအောင်ကျေးရွာအနီး ဝှေခါ- ဆိပ်မူသွား၊ ကားလမ်းတွင် လှမျိုးမောင်းနှင်ပြီး ဇော်မြင့်ထူး(ခ)ဖိုးထူး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူသုည ဒသမ ၇၅၆၆ ကီလိုကိုလည်းကောင်း၊  ယင်းနေ့ နံနက် ၁၀ နာရီတွင် သတင်းအရ မြဝတီမြို့မှတ်(၄)ရပ်ကွက် အာရှလမ်းရှိ လက်ဖက်ရည်ဆိုင်၌ မျိုးမင်းထွန်း (ခ)ကိုမျိုးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် အမှတ်(၄) ရပ်ကွက် အာရှလမ်းရှိ မိုတယ်၌ အေးသောင်း၊ သန်းနိုင်(ခ)အငယ်လေးနှင့် ဇော်မြင့်သန်း (ခ) ဇော်ကြီးတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀၀၊ ယာဉ်တစ် စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

ယင်းနောက် ဇွန် ၈ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာနေ အောင်နိုင်စိုး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၅ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ တို့ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက် ကျွဲဆည်ကန်ကားကြီးဝင်းအနီး ၁၅ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ကားဂိတ်တွင် သန်းနိုင်(ခ) သန်းနိုင်စိုးကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်စိမ်း ခြောက်ကီလိုကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။                  

ဆွေဦး






အခြားဆက်စပ်သတင်းများ