နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီပဲယင်းမြို့နယ်၌ အကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

ဒီပဲယင်း၊  ဇွန် ၁၀


ဇွန် ၈ ရက် နေ့လယ် ၂ နာရီ ၅၀ မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးကျေးရွာ၏ တောင်ဘက်ရှိ တောရဘုန်းကြီး ကျောင်း၌ ဆရာတော် ဉူးသုဇာတ ဦးဆောင်၍ လူငယ်၊လူရွယ်များကို စစ်သင်တန်းပေးခြင်း၊ လက်နက် စုဆောင်းခြင်းများ ဆောင်ရွက်နေ ကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရာ အဆိုပါ တောရဘုန်းကြီးကျောင်း၌ မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရှိ ရဘဲ ကျောင်းအတွင်းမှ တူမီးသေနတ် သုံးလက်၊ သစ်သားဒင်တစ်ခု၊ သံချောင်း ရှစ်ချောင်း၊ လက်လုပ်မိုင်းမျိုးစုံ ၁၀၅ လုံး၊ သံပိုက်လုံး ၁၁ လုံး၊ PVC ပိုက် ၆၅ ချောင်း၊ ယမ်းမှုန့်ထည့်ထားသည့် ကော်ဘူးလေးဘူး၊ ယမ်းကြိုးခွေနှစ်ခွေ၊ ဒီတိုနေတာ တစ်ဘူးလျှင် ၁၀၀ ခုပါသုံး ဘူး၊ မီးစာတပ်ထားသည့် ဓာတ်ဆီ ပုလင်းခြောက်လုံး၊ ဓားရှစ်ချောင်း၊ လေးခွခြောက်လက်၊ ကွန်ပျူတာ မော်နီတာတစ်လုံးနှင့် ဆက်စပ်ပစ္စည်း များ၊ ကားနံပါတ်ပြားလေးခုနှင့် ဆိုင်ကယ်နံပါတ်ပြားနှစ်ခု၊ Alarm Speaker (Remote)ပါ ၁၄ ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။     

ဆွေဦး






အခြားဆက်စပ်သတင်းများ