နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်ဘုရားရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူမှုဖြစ်ပွား

ဗိုလ်တထောင်၊  ဇွန် ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တ ထောင်ဘုရားဝင်းအတွင်းရှိ စွယ်တော် မဂ္ဂင်ဓာတုစေတီရှိ အလှူခံပုံးအတွင်းမှ အလှူငွေများကို ဇွန် ၉ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်က ခိုးယူမှုဖြစ်ပွားခဲ့ပြီး ခိုးယူသူတရားခံအား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့ရုံး၊ ရုံးအဖွဲ့မှူး ဦးကျော် နိုင်ထွန်းကို ဗိုလ်တထောင်ဘုရား လုံခြုံရေးမှူး ဦးသိန်းလွင်မှ ဗိုလ်တ ထောင်ဘုရားဝင်းအတွင်းရှိ စွယ်တော် မဂ္ဂင်ဓာတုစေတီတွင် ဘက်စုံပြုပြင် ရန် အလှူခံထားရှိသော အလှူခံပုံးမှာ ပွင့်နေကြောင်း လာရောက်အကြောင်း ကြားသဖြင့် သွားရောက်စစ်ဆေးရာ အဆိုပါ စွယ်တော်မဂ္ဂင်ဓာတုစေတီ အတွင်း ဘက်စုံပြုပြင်ရန် အလှူခံ ထားရှိသော အလှူခံပုံးမှာ ပွင့်နေသည် ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အလှူခံပုံး အနီးတွင် အမည်မသိ လူငယ်တစ်ဦးကို တွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ ရဲထွန်းနိုင်(ခ) ကိုရဲဖြစ်ကြောင်းနှင့် ယင်းပိုက်ဆံအိတ်တွင် ငွေကျပ် ၆၀၀ဝ ခန့်ရှိကြောင်းပြောသဖြင့် ပိုက်ဆံအိတ် ကို စစ်ဆေးရာ ပိုက်ဆံအိတ်အတွင်းမှ မြန်မာငွေစက္ကူရောရာ ၁၅၀၀၀ ကျပ် ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အလှူခံပုံး အတွင်းမှ မြန်မာကျပ်ငွေ ၉၀၀ဝ ကျပ်ကိုလည်းကောင်း၊ ယင်းထိုင်နေသည့် နေကထိုင် (ဖျာ)အောက်တွင် မြန်မာကျပ်ငွေ ၂၀၀ တန် ၆ ရွက် ၁၂၀၀ ကျပ်၊ ၁၀၀ တန် ၁ ရွက်၊ ၅၀ ကျပ်တန် ၂ ရွက် စုစုပေါင်း မြန်မာငွေစက္ကူ ရောရာ ၁၄၀ဝ ကျပ်ကို လည်းကောင်း တွေ့ရှိခဲ့ရပြီး ရဲထွန်းနိုင် (ခ)ကိုရဲသည် စွယ်တော်မဂ္ဂင်ဓာတု စေတီရှိ ဘက်စုံပြုပြင်ရန် အလှူခံထား ရှိသော အလှူခံပုံးအတွင်းမှ`မြန်မာ ကျပ်ငွေ စုစုပေါင်း ၁၀၄၀၀ ကို ခိုးယူထားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရ သဖြင့် ရထွန်းနိုင်(ခ)ကိုရဲကို ဥပဒေနှင့် အညီ ဖမ်းဆီးစစ်ဆေးအရေးယူလျက် ရှိကြောင်း သိရသည်။            

စန္ဒာမိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ