တာချီလိတ် ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် ၁၄ ဒသမ ၃၆၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၈ ရက်၊ ညနေ ၄ နာရီတွင် တာချီလိတ် မြို့ ပါဆတ်ရပ်ကွက်ရှိ စိုင်းလျှံ၏ ရော်ဘာခြံအတွင်းရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ယင်းနှင့် အတူ စိုင်းဟောင်ခမ်းတို့ကို ငွေကျပ် ၁၄ ဒသမ ၃၆၆ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၅၅၄ တုံး (အလေးချိန် ၈၉၃ ဒသမ ၉ ကီလို) ၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၁ ဒသမ ၆ ကီလို၊ ဘိန်းဖြူမှုန့်ဂရမ် ၆၅၀ ၊ ပစ္စတိုသေနတ်တစ်လက်၊ ယင်းကျည်ရှစ်တောင့်၊ ထိုင်းဘတ်ငွေ ၁၅ သိန်း၊ ယာဉ်မျိုးစုံ ၁၀ စီးတို့ကို ဖမ်းဆီးရမိ ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေဦး