ကံမ၊ ဇွန် ၁၀
ဇွန်လ ၈ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ထန်းဖြူ ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ တောအတွင်း၌ လက်နက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး ပြန်လည် ရောက်ရှိလာသူများသည် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နေ ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ တောအတွင်း သွားရောက် စစ်ဆေးခဲ့ရာ တောအတွင်းရှိ မိုးကာတဲ တစ်လုံးတွေ့ရပြီး ယင်းတဲအတွင်းမှ ကျီးမီးကျေးရွာနေ ရှိုင်းအောင်(၂၉) နှစ် (ဘ) ဦးရန်သိန်းနှင့် အင်ကြီးကုန်း ကျေးရွာနေ အောင်ဇော်မိုး(၁၈)နှစ်(ဘ) ဦးခင်မောင်ဦးတို့နှစ်ဦးကို အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အဆိုပါနေရာတစ်ဝိုက် ဆက်လက်ရှာဖွေခဲ့ရာ မိုးကာတဲ၏ မြောက်ဘက် ကိုက် ၃၅၀ ခန့်အကွာရှိ မိုးကာတဲတစ်ခုကို ထပ်မံတွေ့ရခဲ့ပြီး ယင်းတဲအတွင်းမှ နတ်မီးတောက် ကျေးရွာနေသူများဖြစ်ကြသော ချစ်မိုး လွင်(၂၉)နှစ် (ဘ) ဦးအောင်ဆွေနှင့် ဒေါ်ဌေးဌေးဝင်း(၃၅)နှစ် (ဘ)ဦးတင်ရှိန် တို့နှစ်ဦးအား လက်လုပ်လေသေနတ် တစ်လက်အပါအဝင် အကြမ်းဖက် တိုက်ခိုက်ရာတွင်အသုံးပြုသည့် ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဆွေဦး