နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ၏ ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိဟု ဆို‌

ဇွန် ၁၀


ပြင်သစ်အသင်း တိုက်စစ်မှူး ဘန်ဇီမာ၏ ဒဏ်ရာမှာ ထင်မှတ်ထားသလောက် ပြင်းထန်ခြင်းမရှိဟု နည်းပြဒေးရွှမ့်က ပြောကြားခဲ့ကြောင်း သိရသည်။


အသက် ၃၃ နှစ်အရွယ်ရှိ ဘန်ဇီမာသည် ဇွန် ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲစဉ်အဖြစ် ပြင်သစ် အသင်းနှင့် ဘူဂေးရီးယားအသင်းတို့၏ ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် ပြင်သစ်က ဘူဂေးရီးယားကို ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


ကနဦးတွင် ဘန်ဇီမာ၏ဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသော်လည်း စိုးရိမ်စရာမရှိကြောင်း နည်းပြဒေးရွှမ့်က အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ 


"သာမန်အပေါ့စား ဒဏ်ရာလေးပါပဲ။ ကြွက်သားဒဏ်ရာဖြစ်ပြီး ဘန်ဇီမာအနေနဲ့ မစွန့်စားချင်တာကြောင့်  လူစားလဲခဲ့တာပါ။ ဘဝမှာဆိုးရွားတဲ့အရာတွေက ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ  စွမ်းရည်မြင့် ဆရာဝန်တွေရှိပြီး ဘန်ဇီမာရဲ့ ဒဏ်ရာကို  အကောင်းဆုံးကုသနိုင်ပါလိမ့်မယ်"ဟု နည်းပြ ဒေးရွှမ့်က ပြောကြားခဲ့သည်။                                                                                              (သူရိန်)






အခြားဆက်စပ်သတင်းများ