နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားမဟုတ်တဲ့သူကို အနိုင်အရှုံးမရှိ ထိုးသတ်ခဲ့တဲ့ မေဝဲသာ‌

ဇွန် ၁၀


ဖလွိုက်မေဝဲသာဟာ ပရော်ဖက်ရှင် နယ်လက်ဝှေ့သမားဘဝမှာ ပွဲ ၅၀ စလုံး ရှုံးပွဲနဲ့ သရေပွဲမရှိ အနိုင်ရထားတဲ့သူပါ။ မေဝဲသာနဲ့နာမည်ကြီး You Tuber တစ်ဦးဖြစ်တဲ့ လိုဂန်ပေါလ်တို့ရဲ့သရုပ်ပြ ထိုးသတ်ပွဲမှာ ရှစ်ချီပြည့်တဲ့အထိ အရှုံး အနိုင်မရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ လိုဂန်ပေါလ်ကတော့ ဒီပွဲဟာ သူနိုင် တယ်လို့ ဆိုရှယ်မီဒီယာမှာရေးသားခဲ့ ပါတယ်။ ပေါလ်ဟာလက်ဝှေ့ ပညာကို ပရိုကျကျ လေ့လာလိုက်စားသူဖြစ်ပေမယ့်တကယ့်ပြိုင်ပွဲတွေထိုးသတ်ဖူးသူမဟုတ်ပါဘူး။ ၂၆ နှစ်သားပေါလ်ဟာ ငယ်ရွယ်မှုနဲ့ အရပ်အမောင်းသာလွန်မှု  တွေကိုအသုံးချပြီး မေဝဲသာကိုထိုးသတ် သွားခဲ့ပါတယ်။ အသက် ၄၄ နှစ်ရှိပြီ ဖြစ်တဲ့မေဝဲသာကတော့ ပေါလ်ကို ဒဏ်ရာရရှိအောင် မထိုးသတ်နိုင်ခဲ့ဘဲ သူလဲကျခဲ့တဲ့ အကြိမ်တွေတောင် ရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မေဝဲသာက “လိုဂန်ပေါလ်က ကျွန်တော် ထင်ထား တာထက် ပိုကောင်းခဲ့ပါတယ်။ သူက သန်မာတယ်၊ ကြမ်းတမ်းတယ်၊ ကျွန်တော့ကို အံ့အားသင့်စေပါတယ်။ နပန်းအတွေ့အကြုံလည်းရှိ တော့ချုပ် တာတွေကောင်းခဲ့ပါတယ်။ ဒီရလဒ်က သူ့အတွက်တော့  နိုင်ပွဲဖြစ်မှာပါ။ အငြိမ်းစားလက်ဝှေ့သမားတစ်ယောက် ပြောနေတာကို ခင်ဗျားတို့ နားထောင် နေတာပါ။ အဲ့ဒီလူက သူအသက် ၂၀ လောက်တုန်းက လူမျိုးနဲ့ယှဉ်ထိုးခဲ့ တာပါ။ ကျွန်တော်က လက်ဝှေ့ရဲ့ Hall of Fame ထဲကို သွားတော့မှာ ပါ။ စီစဉ်သူတွေအတွက် လူကြည့် များတဲ့လက်ဝှေ့ပွဲတစ်ပွဲကို ဖန်တီး ပေးနိုင်တယ်ဆိုတာနဲ့တင် တန်နေပါပြီ။  ကျွန်တော်လက်ဝှေ့ အားကစားကနေ အနားယူလိုက်ပါပြီ။ ဒီလိုသရုပ်ပြပွဲမျိုး ထပ်ထိုးဖြစ်မှာ မဟုတ်တော့ပါဘူး”လို့ လက်ဝှေ့ချန်ပီယံ ဟောင်း ဖလွိုက် မေဝဲသာကပြောသွားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ