နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ အယ်လ်ဆက်နည်းပြဇာဗီ

 ဇွန် ၁၀


အယ်လ်ဆက်အသင်းနည်းပြ အသက် ၄၁ နှစ်သားဇာဗီကတော့ သူဟာ ဘာစီလိုနာ နည်းပြရာထူးကို ပယ်ချခဲ့တယ်လို့  အတည်ပြုပြော ကြားလိုက်ပါတယ်။ ဇာဗီဟာ ဘာစီ လိုနာမှာ ၁၉၉၁ ကနေ ၂၀၁၅ အထိ ကစားသမားအဖြစ်  ကစားခဲ့ကာ နူးကမ့်ကိုပြန်လာဖို့ ချိတ်ဆက်မှု တွေလည်း ရှိနေပါတယ်။ ဇာဗီဟာ ဘာစီလိုနာအတွက် ကာတာကို မပြောင်းခင်မှာ  ၇၆၇  ပွဲအထိ ပါဝင် ကစားပေးထားခဲ့ပါတယ်။ ကိုးမန်းကလည်း  ဘာစီလိုနာမှာ အနာဂတ်  မတည်မငြိမ်ဖြစ်နေပြီး ဇာဗီနဲ့ အစားထိုးခံရနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ ဇာဗီဟာ အနာဂတ်မှာ  ဘာစီလိုနာနည်းပြ ဖြစ်လာနိုင်တယ်လို့  ခန့်မှန်းမှုတွေရှိနေ ပေမယ့်   လက်ရှိအချိန်မှာတော့ ဘာစီ  လိုနာကို ပြန်လာဖို့စိတ်မဝင်စားသေး တာ ဖြစ်ပါတယ်။ “ကျွန်တော် ဘာစီလိုနာ ကို နှစ်ကြိမ်တိုင်ပြောပြီးပါပြီ။ အခြား အကြောင်းအရာတွေ၊ မိသားစုနဲ့စာချုပ် အနေအထားကြောင့် ပြောထား ပါတယ်။ ကျွန်တော်မြင်တာကတော့  လက်ရှိ အချိန်မှာ ဘာစီလိုနာကို နည်းပြဖို့ အဆင်သင့်မဖြစ်လောက်သေးပါဘူး။ ဒါ့အပြင် ကိုးမန်းကိုလည်း လေးစားမှုရှိရပါမယ်”လို့ဇာဗီကပြောကြားခဲ့ပါ တယ်။                                    (SO)






အခြားဆက်စပ်သတင်းများ