နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်ကို ဝယ်ယူဖို့ ဒုတိယအကြိမ် ပေါင် နှစ် ဘီလျံနဲ့ ကမ်းလှမ်း ခဲ့တဲ့ ဆွီဒင်သူဌေး‌

ဇွန် ၁၀


Spotify ပူးတွဲတည်ထောင်သူ Daniel Ek က ပြီးခဲ့သည့်လမှာ အာဆင်နယ်ကို ပေါင် ၁ ဒသမ ၈ ဘီလျံ ဖြင့် ဝယ်ယူနိုင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အသင်းပိုင်ရှင်တွေက သူတို့အတွက် ငွေမလိုပါဘူးဆိုပြီး  အကြောင်းပြ ငြင်းဆန်သွားခဲ့တာပါ။ ဒါပေမယ့်လို့ Ek က သူ့ရဲ့ကြိုးစားမှုကို လက်လျှော့လိုဟန် မရှိသေးဘဲ  နောက်ထပ်တစ်ကြိမ် အားထုတ်ဦးမှာဖြစ်တယ်။ ဘီလျံနာ သူဌေးကြီး Daniel Ek ဟာအာဆင်နယ် ကို လွှဲပြောင်းယူနိုင်ဖို့ရာ ဒုတိယ အကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင် နှစ် ဘီလျံထိ  ပေးသွားဖို့  ပြင်ဆင်နေပါတယ်။ အာဆင်နယ်ဘက်က အတွင်းလူတွေ ထုတ်ပြောရာမှာလည်း ကလပ်ဟာ Ek ထံကနေ ဒုတိယမြောက်ကမ်းလှမ်း မှုကို လက်ခံရဖို့ မျှော်လင့်ထားတယ် လို့ သိရတယ်။  ပေါင်သန်း ၃၀၀ လောက်  ထပ်တိုးကမ်းလှမ်းမှုဟာ စတန်နဲ့ ဂျိုစ့် ခရွန်ကီတို့ကို စဉ်းစား စေဖို့ ဖြစ်လာဖွယ်လည်း ရှိနေတယ်။ ခရွန်ကီတို့ဟာ အာဆင်နယ်မှာတော့ လူကြိုက်များမှု လုံးဝမရှိတဲ့ ပိုင်ရှင် တွေဖြစ်တယ်။ ဥရောပစူပါလိဂ်မှာ အာဆင်နယ်အသင်း ပါဝင်ဖို့ကြိုးစား ခဲ့ပြီးတဲ့ နောက်ပိုင်းမှ ကလပ်ကိုဝယ်ယူ ဖို့ Ek က ကြိုးစား လာခဲ့ခြင်း ဖြစ်တယ်။ Ek ဟာ အာဆင်နယ် အသင်း ပရိသတ် လည်း ဖြစ်ပြီး သူဟာ လန်ဒန်ကလပ် ကို ဝယ်ယူပြီးရင်အသင်းပရိသတ်တွေ ကို အထူးရှယ်ယာတွေ  ရောင်းချပေး ကာ ဘုတ်အဖွဲ့ထဲ ပါဝင်ခွင့်ပေးဖွယ် ရှိတယ်လို့လည်း  ကြားသိထားရပါ တယ်။                                      

(SO)






အခြားဆက်စပ်သတင်းများ