နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
*စည်းကမ်းတကျလိုက်နာစေချင်*

ရန်ကုန်မြို့သည် ကုန်စည်များနိုင်ငံတကာသို့ တင်ပို့ရာ ထွက်ပေါက်ဖြစ်ခြင်း၊ လူဦးရေထူထပ်များပြားခြင်း၊ ခရီးသွား ဧည့်သည်တို့ဝင်ထွက်သွားလာမှုများပြားခြင်း၊ စီးပွားရေး အချက်အချာကျခြင်း၊ ယာဉ်များသုံးစွဲမှု များပြားလာခြင်း တို့ကြောင့်  ယာဉ်ကြောများ မကြာခဏတုံ့ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့တွင်းဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ်များ လွယ်လင့် တကူမောင်းနှင်ရန်အတွက်လမ်းများ လူသွားစင်္ကြံများ တိုးချဲ့ဆောင်ရွက်ပေးခဲ့သည်။


ထိုကဲ့သို့ လမ်းများပလက်ဖောင်းများ တိုးချဲ့ပေးလိုက် သည့်လမ်းများ ရပ်နားစခန်းများ တိုးတက်လာသော်လည်း ရန်ကုန်မြို့တော်အတွင်း  မော်တော်ယာဉ်များ  တစ်နေ့ တခြားတိုးတက်များပြားလာ၍ ခြောက်လမ်းသွားလမ်းမ ကြီးများအပါအဝင် အဓိကလမ်းမကြီးများပေါ်၌ ယာဉ်များ စည်းကမ်းမဲ့ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် မတော်တဆမှုများပြားလာကြောင်း တွေ့ရသည်။

 

အဓိကလမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နား ခြင်းမရှိစေရေးအတွက် သက်ဆိုင်ရာက အသိပေးထားရာ ခရီးသည်တင်ယာဉ်များ   ခေတ္တခဏရပ်နားခြင်းမှအပ မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုရန်နှင့် ခရီးသည်တင် ယာဉ်များအနေဖြင့်   မှတ်တိုင်များ၌ ရပ်၊ ချ၊ တင်၊ ထွက် စနစ်ကိုလိုက်နာရန် လိုအပ်သည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပ၍ နေချင်စဖွယ် မြို့တော်ကြီးဖြစ်လာအောင် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ မြို့တော်နယ်နိမိတ်အတွင်း ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူများ စနစ်တကျမှန်ကန်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တော်နယ်နိမိတ် အတွင်း အတင်းမောင်းနှင်အသုံးပြုသူများကြောင့် ယာဉ် အန္တရာယ်ဖြစ်ပေါ်မှုများ မကြာခဏကြုံတွေ့နေရသည်။


မြို့တော်နယ်နိမိတ်အတွင်း ဒလမြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်ရှိ လမ်းများမှအပ ကျန်လမ်းများတွင် မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းအသုံးပြုခြင်းမပြုရ အမိန့်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ထားသည်။ 


ပြည်သူများအနေဖြင့် စည်းကမ်းများကို တိကျစွာလိုက် နာခြင်းဖြင့် လုပ်ငန်းများပိုမိုထိရောက်အောင်မြင်လာမည် ဖြစ်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုဆောင် ရွက်ရာတွင် အောင်မြင်မှုများရရှိခဲ့သကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ လိုက်နာထိန်းသိမ်းဆောင်ရွက်သင့် သည်။  ယာဉ်စည်းကမ်းထိန်းသိမ်းမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်မှသာလျှင် လုပ်ငန်းများထိရောက်အောင်မြင် မည်ဖြစ်ရာ ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ