နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဦးနှောက်အကြောင်း သိကောင်းစရာ

လူ့တစ်ကိုယ်လုံး နိစ္စဓူဝကောင်းစွာပြုမူလှုပ်ရှား တွေးခေါ်နိုင် ရန် ဦးနှောက်က စက်ရုပ်သဖွယ် အလုပ်လုပ်ပေးနေရပါသည်။ အိပ်ပျော်နေစဉ်မှာပင် အိပ်မက်မက်ခြင်းဖြင့် ဦးနှောက်က အလုပ်ရှုပ်နေရဆဲဖြစ်သည်။ ဦးနှောက်အားပြည့်စေရန်အတွက် လုံလောက်သော သဘာ၀ဂလူးကို့စ်နှင့် အောက်စီဂျင်တို့ မရှိမဖြစ် လိုအပ်ပါသည်။ ထိုမှသာ အာရုံစူးစိုက်မှု၊ အတွေးခေါ် စွမ်းရည်နှင့်  မှတ်ဉာဏ်တို့ကို အထောက်အကူဖြစ်စေမည်။ ဦးခေါင်း၏ တစ်ဘက်တစ်ချက်စီတွင် ဦးနှောက်တည်ရှိနေပြီး၊ လူတစ်ချို့က မွေးရာပါ ဘယ်ဘက်အခြမ်း ဦးနှောက်ကပိုသန်စွမ်း၍၊ လူတချို့က ညာဘက်အခြမ်း ဦးနှောက်က ပိုသန်စွမ်းသည်။


“ဘယ်ဘက်အခြမ်း ဦးနှောက်သန်သူ၏ လက္ခဏာများမှာ” သိပ္ပံပညာရပ် စိတ်ဝင်စားသူ၊ သင်္ချာအတွက်အချက်မှုဝါသနာ ပါသူ၊ ခင်မင်ရင်းနှီးလွယ်သူ၊ တိကျပြတ်သားသူ၊ ဖြောင့်မတ်သူ၊ အသေးစိပ်တွက်ချက်သူ၊ ဗျူဟာဆန်ဆန်တွေးတတ်သူ၊ လက်တွေ့ ကျမှုကို သဘောကျသူ၊ ဘာသာစကားနှင့် ဝေါဟာရများ လေ့လာရန် လွယ်ကူသူ၊ အီကွေးရှင်းများ တွက်ချက် ဝါသနာပါသူ၊ ကိန်းဂဏန်းများဖြင့် ဆော့ကစားနေတတ်သူ၊ အမိန့်နာခံတတ်သူ၊ သဘာဝအတိုင်း ပုံသေနည်းစနစ် မှန်ကန်အောင် လုပ်တတ်သူ၊ မိမိကိုယ်ကို  မည်သူမည်ဝါ သေချာသိသူတို့ဖြစ်ပါသည်။ “ညာဘက်အခြမ်း  ဦးနှောက်သန်သူ၏ လက္ခဏာများမှာ”  အတွေးအမြင်သစ်များ စဉ်းစားလုပ်တတ်သူ၊ လွတ်လပ်မှုကို သဘောကျသူ၊ သံယောဇဉ်ကြီးသူ၊ အကြောင်းအရင်းကို ဖော်ထုတ်ပြောဆိုတတ်သူ၊  စွန့်စားလိုစိတ်ရှိသူ၊  ရယ်မော လှောင်ပြောင်တတ်သူ၊  အနုပညာဆန်ဆန်ခံစားတတ်သူ၊ သီချင်းများနှစ်ခြိုက်ခရေဇီဖြစ်သူ၊ ဗလာမျက်နှာပြင်ကို ဆေးရောင်ခြယ်ပေးတတ်သူ၊ စိတ်ကူးယဉ်လွန်းသူ၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ တွေးခေါ်ပညာရှင်များနှင့် မိမိကိုယ်ကို ကျေနပ်နေ တတ်သူတို့ဖြစ်သည်။      ။






အခြားဆက်စပ်သတင်းများ