ရန်ကုန်၊ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ အေဝမ်းဆန်ဆိုင်ရှေ့တွင် ဇွန် ၈ ရက်၊ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်က ဒေသန္တရလက်လုပ်မိုင်း တစ်လုံး တွေ့ရှိကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ Ballentine အရက်ဘူးခွံအတွင်း အရှည် ၆ လက်မ၊ အချင်း ၂ လက်မရှိ PVC ပိုက်၊ ယမ်း မှုန့်များ၊ Keypad ဖုန်းတစ်လုံးနှင့် ဝါယာကြိုးများ ချိတ်ဆက်ထားသော ဒေသန္တရလက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိသဖြင့် စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့မှ ရှင်းလင်းခဲ့ကြောင်းနှင့် အကြမ်းဖက် ပြုလုပ်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇာခြည်